မြန်မာမပါတဲ့ မြန်မာ့အရေးအာဆီယံအစည်းအဝေး ဘာထူးခြားလဲ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2022-10-28
Просмотров: 322938
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်း အဝေးတစ်ရပ်ကို အောက်တိုဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြိုမှာရှိတဲ့
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ မြန်မာအပေါ်
ပိုမိုဖိအားပေးကြဖို့ဆိုပြီး အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတချို့က ဒီအစည်းအဝေးမတိုင်ခင်မှာ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။
စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးကို ဘယ်အချိန်ဘယ်ကာလ အပြီး ဖော်ဆောင်ရမယ် ဆိုတာမျိုး ကန့်သတ်မှုတွေ လုပ်ရင် တန်ပြန် ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တယ်လို့ အာဆီယံကို စစ်ကောင်စီ သတိပေးလိုက်ပါတယ်။
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယ့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်း
အဝေးတစ်ရပ်ကိုဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြိုဲံ့မှာရှိတဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ မြန်မာအပေါ် ပိုမိုဖိအားပေးကြဖို့ဆိုပြီး အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတချို့က
ဒီအစည်းအဝေးမတိုင်ခင်မှာ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ ဒီကနေ့အစည်းအဝေးမှာရောဘာတွေ ထူးခြားမှုရှိပါသလဲ။ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု့က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကို မအေးသူစံက မေးမြန်းထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: