Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

ဖလမ်းတိုက်ပွဲအတွင်း စကစတပ်သားများအားလေယာဉ်တစ်စီးနှင့်မလဲနိုင်ဟုအထက်အရာရှိကပြောသည်ဟုစကစတပ်သားရင်ဖွင့်

Автор: Tachileik News Agency

Загружено: 2025-01-30

Просмотров: 204233

Описание:

ဖလမ်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအား လေယာဉ်တစ်စီးနှင့်မလဲနိုင်ဟု အထက်အရာရှိကပြောသည်ဟု ဖမ်းဆီးခံရ စစ်ကောင်စီတပ်သား ရင်ဖွင့်
https://m.me/j/AbYQC_0LT5v3WmdG/
* * * *

ချင်းပြည်နယ် ဖလမ်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် စစ်မှုထမ်းတပ်သားသစ်များအား လေယာဉ်တစ်စီးနှင့်မလဲနိုင်ဟု အထက်ကပြောဆိုသည်ဟု ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားက ပြောဆိုသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများက ယင်းသို့ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ရုပ်သံထုတ်ပြန်ခြင်းဖြစ်ပြီး ရုပ်သံတွင် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သား (၄၀)ဦးကျော်ရှိနေသည်။

“လေယာဉ်လာခေါ်မယ်လို့ ကတိ ပေးထားတာ။ အဲဒီကတိပေးထားတာကို သူတို့ကိုယ်တိုင်က ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ ဒီကအဖွဲ့တွေက။ လေယာဉ်တစ်စီးနဲ့ မင်းတို့လူ (၂၄) ယောက်နဲ့ အလဲနိုင်ဘူးဆိုတဲ့ တအားစိတ်နာသွားတာ။”ဟု ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သား ကျော်ဇော်လွင် က ပြောသည်။

ဖမ်းဆီးခံရသည့်အထဲတွင် စစ်ကောင်စီတပ်သား (၅)ဦးဝန်းကျင်သာပါပြီး ကျန်လူများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်အတွင်းသို့ ရောက်လာသူများဖြစ်သည်ဟု သိရသည်။

“မင်းတို့အတွက်နဲ့ လေယာဉ်အဆုံးအရှုံးမခံနိုင်ဘူးတဲ့။ ငါ့လေယာဉ်တစ်ခုခုဖြစ်တာနဲ့ မင်းတို့ဖြစ်တာ ဘာမှမဖြစ်ဘူးတဲ့။ ငါ့လေယာဉ်တစ်ခုခုမဖြစ်ဖို့ဘဲတဲ့ ဘာမှမလုပ်ပေးနိုင်ဘူးတဲ့။ ဘာမှလုပ်စရာမရှိတော့ဘူး သူတို့ပြန်တိုက်ဖို့ပဲရှိတော့တယ်။”ဟု ဖမ်းဆီးခံရသည့် တပ်ကြပ် အောင်ဇော်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဖလမ်းမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့က ကလေးမြို့ ထောက်ပို့ လေယာဉ်ကွင်းမှတဆင့် ရဟတ်ယာဉ်နှစ်စီးဖြင့် (၄)ကြိမ် ပို့ဆောင်၍ အင်အား(၉၇)ဦး ရောက်ရှိလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများကို မည်သည့်ရှေ့တန်းသို့ ပို့မည်ကို မသိခဲ့ရဘဲ လေယာဉ်ကွင်းရောက်မှသာ ဖလမ်းမြို့သို့ သွားရောက်မည်ကို သိရှိခဲ့ရသည့်အပြင် ခြေလျှင်တပ်သားမဟုတ်သူများလည်း ရှေ့တန်းပို့ခံရသည်ဟု သိရသည်။

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဖလမ်းမြို့ကို အလုံးစုံသိမ်းယူနိုင်ရေး ချင်းညီနောင်တပ်ဖွဲ့များက ထိုးစစ်ဆင်နေတိုက်ခိုက်နေကာ လက်ကျန် လမ်းမြို့အခြေစိုက် အမှတ် (၂၆၈)ခြေလျင်တပ်ရင်းတခုသာ ကျန်ရှိတော့သည်။

ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ကစပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး ၊ ဒုရဲတပ်ဖွဲ့မှူး ဦးခင်မောင်ထွန်း၊ ရဲအရာရှိ တချို့အပါအဝင် (၄၅)ဦးကိုလည်း ဖမ်းဆီးရမိထားသည်။

ချင်းပြည်နယ်ရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ် ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ် နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား စသည့်မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်ကာ ပလက်၀မြို့နှင့် ဆမီးမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်း၊ တီးတိန်မြို့နယ်များသာကျန်ရှိတော့သည်။

#TachileikNewsAgency
#TNA_MAT
Video:CNO/CNDF

▬▬▬Tachileik News Agency▬▬▬
Email: mail@tachileik.net
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter :   / tna_myanmar  
Telegram: https://t.me/TachileikNewsAgency
Instagram:   / tachileiknewsagency  
Youtube:    / tachileiknewsagency  
Facebook:   / tachileiknewsagency  
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ဖလမ်းတိုက်ပွဲအတွင်း စကစတပ်သားများအားလေယာဉ်တစ်စီးနှင့်မလဲနိုင်ဟုအထက်အရာရှိကပြောသည်ဟုစကစတပ်သားရင်ဖွင့်

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေနိဂုံးချုပ်ပြီ။

အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေနိဂုံးချုပ်ပြီ။

ညီမတို့မောင်နှမတွေကိုလာဖမ်းတာအင်အား၂၀၀ကျော်နဲ့

ညီမတို့မောင်နှမတွေကိုလာဖမ်းတာအင်အား၂၀၀ကျော်နဲ့

“ဇမ္ဗူ”နဲ့ သရုပ်ဆောင်ဖို့ ရင်ခုန်နေကြတဲ့ “မင်းသမီးလေးများ”

“ဇမ္ဗူ”နဲ့ သရုပ်ဆောင်ဖို့ ရင်ခုန်နေကြတဲ့ “မင်းသမီးလေးများ”

စစ်ကြောရေးငရဲစခန်းကို ဇွန်းတစ်ချောင်းဖြင့် ဖောက်ထွက်ခဲ့သူ လူငယ်တစ်ဦး၏ စွန့်စားခန်း

စစ်ကြောရေးငရဲစခန်းကို ဇွန်းတစ်ချောင်းဖြင့် ဖောက်ထွက်ခဲ့သူ လူငယ်တစ်ဦး၏ စွန့်စားခန်း

ရခိုင်မှာ စကမ စစ်တပ် လုံးဝအသံမထွက်နိုင် (ရုပ်/သံ)

ရခိုင်မှာ စကမ စစ်တပ် လုံးဝအသံမထွက်နိုင် (ရုပ်/သံ)

“ကေအဲန်ယူထံ ဘက်ပြောင်းလာတဲ့ သုခစခန်းမှူး ကရင်ဗိုလ်ကြီး စစ်ကောင်စီကို ပြန်တိုက်မယ်”

“ကေအဲန်ယူထံ ဘက်ပြောင်းလာတဲ့ သုခစခန်းမှူး ကရင်ဗိုလ်ကြီး စစ်ကောင်စီကို ပြန်တိုက်မယ်”

အာဏာရှင် အမြန်ပြုတ်ရေးမှာ ကရင်ချင်းပြန်တိုက်နေလို့မရဘူး (ရုပ်/သံ)

အာဏာရှင် အမြန်ပြုတ်ရေးမှာ ကရင်ချင်းပြန်တိုက်နေလို့မရဘူး (ရုပ်/သံ)

၇၆နှစ်မြောက်  KNU   ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း နဲ့ တွေ့ ဆုံမေးမြန်း

၇၆နှစ်မြောက် KNU ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း နဲ့ တွေ့ ဆုံမေးမြန်း

စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေ ခြိမ်းခြောက်ခံရတော့မလား

စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေ ခြိမ်းခြောက်ခံရတော့မလား

အဖေက ဒူးထောက်တောင်းပန်တာတောင် မရဘူး

အဖေက ဒူးထောက်တောင်းပန်တာတောင် မရဘူး

DVB ရုပ်သံလိုင်းတွင် ထုတ်လွှင့်သည့် BMC ၏ အပတ်စဉ် သတင်းအစီအစဉ်

DVB ရုပ်သံလိုင်းတွင် ထုတ်လွှင့်သည့် BMC ၏ အပတ်စဉ် သတင်းအစီအစဉ်

ဖယ်ခုံသူလေး - John Jerry Jame ( Kayan New Song 2023)

ဖယ်ခုံသူလေး - John Jerry Jame ( Kayan New Song 2023)

ညီမတို့မောင်နှမတွေကိုလာဖမ်းတာအင်အား၂၀၀ကျော်နဲ့

ညီမတို့မောင်နှမတွေကိုလာဖမ်းတာအင်အား၂၀၀ကျော်နဲ့

Квалифицированные работники такси по дереву везут большие бревна

Квалифицированные работники такси по дереву везут большие бревна

Karenni State Prison Break: POWs Escape After Forcing Open the Prison

Karenni State Prison Break: POWs Escape After Forcing Open the Prison

Tathataya Mè Mwaǐ tarǎ

Tathataya Mè Mwaǐ tarǎ

PREZYDENT VS. RZĄD. CZY TUSK POŚWIĘCI KLICHA?

PREZYDENT VS. RZĄD. CZY TUSK POŚWIĘCI KLICHA?

Jak jeden burger zniszczył Roxette?

Jak jeden burger zniszczył Roxette?

နေပြည်တော် အရိပ်စစ်ပွဲ : အာဏာရှင်၏ နောက်ဆုံးလောင်းကြေး ၊ ဒုတိယ ခင်ညွန့် / TBR DOCUMENTARY

နေပြည်တော် အရိပ်စစ်ပွဲ : အာဏာရှင်၏ နောက်ဆုံးလောင်းကြေး ၊ ဒုတိယ ခင်ညွန့် / TBR DOCUMENTARY

ဘယ်သူဖြစ်မလဲ? အားလုံးသိချင်ကြမယ်ထင်ပါတယ်။

ဘယ်သူဖြစ်မလဲ? အားလုံးသိချင်ကြမယ်ထင်ပါတယ်။

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com