SAC is still losing in 2025, including the Natyekan Strategy and Kyaukphyu
Автор: BBM TV+
Загружено: 2025-12-23
Просмотров: 6938
နတ်ရေကန်ဗျူဟာနဲ့ ကျောက်ဖြူစစ်ရေးတွေအပါ ၂၀၂၅ခုနှစ်မှာလည်း ရှုံးနိမ့်နေဆဲဖြစ်တဲ့ စကစရဲ့ ရခိုင့်စစ်မျက်နှာ (ဆောင်းပါးရုပ်သံ)
ဒီအပတ်ထဲ ပြည်တွင်းစစ်ရေးအခြေအနေနဲ့ပတ်သတ်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့ သတင်းတွေဆိုရင် ရခိုင်ပြည်နယ်ဘက်ကသတင်းတွေနဲ့ စဥ့်ကူး၊ သပိတ်ကျင်းဘက်က သတင်းတွေလို့ပဲဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရခိုင်စစ်ရေးနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ စစ်တပ်ကကော ၊ အာရက္ခတပ်တော် AA ကပါ စစ်ရေးအရှိန်တိုးမြှင့်နေတာကြောင့် ဒီကာလအတွင်း မြေပြင်မှာတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွါးနေတယ်ဆိုတာကို မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရှိထားတာတွေရှိပါတယ်။
အထူးသဖြင့် ဒီရက်ပိုင်းဆိုရင် အမ်း-ပဒါန်းလမ်းပိုင်းကနေတဆင့် ရခိုင်ပြည်နယ်ကိုဝင်ရောက်နိုင်တဲ့ နတ်ရေကန်ဗျုဟာစခန်းအနီးနားက ကာကင်းစခန်းတွေဖြစ်တဲ့ ဂုတ်ကြီးရွာ၊ ဂုတ်ကြီးစခန်းတိုက်ပွဲတွေ၊ တရုတ်စီမံကိန်းတွေအမြောက်အများရှိနေတဲ့ ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့နယ်ထဲက သိုင်းချောင်ရွာ၊ မင်းပြင်ရွာက တိုက်ပွဲအခြေအနေတွေကို အပြောင်းအလဲမြန်မြန် သတင်းထူးထူးတွေအနေနဲ့ တွေ့မြင်နေရပါတယ်။ ဂုတ်ကြီးရွာသတင်းနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင် အဲ့ဒီဂုတ်ကြီးရွာဟာ စစ်ကောင်စီအင်အား ၃၀၀ လောက်ပိတ်မိနေတဲ့ နတ်ရေကန်ဗျူဟာစခန်းကုန်းအတွက် အလွန်အရေးပါတဲ့ ကာကင်းစခန်းတစ်ခုလို့ပဲဆိုရမှာပဲ ဖြစ်ပါတယ်။
ဆောင်းပါးရုပ်သံအပြည့်အစုံကို ကြည့်လိုက်ကြရအောင်ဗျာ။
AC is still losing in 2025 including the Natyekan Strategy and Kyaukphyu
(Article Video)
Focusing on the Rakhine front, both the Myanmar military under the State Administration Council (SAC) and the Arakan Army (AA) have significantly escalated their military operations. According to frontline military sources, intense ground battles are currently unfolding across multiple locations in Rakhine State.
In recent days, fighting has intensified around defensive outposts near the Natyekan Strategic Base, which serves as a key entry route into Rakhine State via the Ann–Padaung road. Battles have been reported in Gote Gyi village and Gote Gyi base, which function as critical defensive positions for the Natyekan strategy.
At the same time, rapid developments are unfolding in Kyaukphyu Township, an area hosting numerous Chinese-backed projects. Heavy fighting has been reported in Thine Chaung and Min Pyin villages, with battlefield conditions changing quickly.
#bbm #bbmtv #SAC #militarycouncil #Rakhine #losing
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: