မြန်မာဘုရင်များအဆက်ဆက် ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရတဲ့ ရှေးဟောင်း "ယတြာခေါင်းလောင်း" တူးဖော်ရရှိ
Автор: Narinjara TV News
Загружено: 2025-12-25
Просмотров: 31055
မြန်မာဘုရင်များအဆက်ဆက် ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရတဲ့ ရှေးဟောင်း "ယတြာခေါင်းလောင်း" တူးဖော်ရရှိ
နိရဉ္စရာ (ရုပ်သံ)၊ ဒီဇင်ဘာ ၂၅/၂၀၂၅
ရခိုင်တစ်မျိုးသားလုံးအတွက်အလွန်အရေးပါတဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ရှေးဟောင်း "ယတြာခေါင်းလောင်း"ကို တူးဖော်ရရှိခဲ့ပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) နဲ့နီးစပ်တဲ့ သတင်းပေ့ချ်တွေမှာဖော်ပြပါတယ်။
အဲဒီ ယတြာခေါင်းလောင်းကို ရက္ခိုင် မြောက်ဦးခေတ်မှာ ရက္ခိုင်ဘုရင် နရပတိကြီး လက်ထက်က သွန်းလုပ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။
အဲဒီခေါင်းလောင်းဟာ အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနဲ့ ဂိုင်းလုံးပတ် ၂၄ စင်တီမီတာရှိတဲ့ သမိုင်းဝင် ကြေးသွန်းခေါင်းလောင်း တစ်လုံးဖြစ်ပါတယ်။
လက်ရှိတွေ့ရှိထားတဲ့ ခေါင်းလောင်းဟာ ရက္ခိုင့်သမိုင်းထဲက ပျောက်ဆုံးနေတဲ့ နာမည်ကြီး ယတြာခေါင်းလောင်းဖြစ် ကြောင်း ရက္ခိုင်ရှေးဟောင်း သုတေသနပညာသျှင်တဦးက သုတေသနပြုလုပ်ပြီး ခိုင်မာစွာ အတည်ပြုပြောဆိုထားပါတယ်။
ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုးဖြင့် ရေးထိုးထားပြီး အင်း၊အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်တဲ့ ဒီယတြာခေါင်းလောင်းကို တခါထိုးလိုက်လျှင် အရှေ့ ပြည်(၃)ခါ ပြိုလေ့ရှိတဲ့အတွက် မြန်မာဘုရင်များအဆက်ဆက် အထူးထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရတဲ့ ခေါင်းလောင်းဖြစ်တယ်လို့ လည်း ရခိုင်သမိုင်းလေ့လာသူတွေကပြောဆိုပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနဲ့ စစ်ရေးအတွက် အထူး အရေးပါလှတဲ့ အဲဒီ ယတြာခေါင်း လောင်းကို မြုပ်နှံဝှက်ထားတဲ့ နေရာကို သိရှိသူမှာ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ရက်နေ့မှာ ပြန်လည်တူးဖော်ရရှိတယ်လို့သိရပါတယ်။
------------
Join this channel to get access to perks:
/ @narinjaratv
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။
🌐 Website
https://burmese.narinjara.com/
🌐 Twitter -
https://twitter.com/narinjaran?lang=en
🌐 Facebook -
မြန်မာစာသတင်း
/ narinjara.info
🌐 Facebook -
အင်္ဂလိပ်စာသတင်း
/ narinjaraenglish
🌐 Telegram -
https://t.me/narinjaranews
🌐 TikTok Link -
/ narinjara
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: