သူမင်းကိုဘယ်တော့မှ
Автор: Doh Ah Nyar ဒို့အညာ
Загружено: Дата премьеры: 11 нояб. 2024 г.
Просмотров: 2 524 просмотра
ဆရာမဂျူး ရဲ့ အောင်မြင်ခဲ့သော စာအုပ်တအုပ်
သာမန် အချစ် ၊ အမျိုးသမီးအားမာန် စာအုပ်တွေထဲကနေ ကွဲထွက်လာတဲ့ စာအုပ်တအုပ်
ဒီစာအုပ်ထဲမှာ - ကျေးလတ်ဒေသ စာတတ်မြောက်မှု ၊ အလုပ်အကိုင် နှင့် လမ်းပန်းဆက်သွယ်ရေးအခြေခံပြီး ။ ကျေးလတ်သဘာဝ လက်ရှိ အဖြစ်ပျက်များနှင့် အတူ မိန်းကလေးငယ်လေးရဲ့ ကြိုးစားမှု ၊ စာတတ်ချင်မှုနှင့် ဒေသ အား တိုးတက်စေလိုတာတွေကို . မြင်ကွင်းကျကျ သဘာဝဆန်ဆန် အဖြစ်ပျက်တွေကို စာအုပ်ထဲကမှတဆင့် ပြည်သူများ ပိုပြီး ကွက်ကွက်ကွင်းကွင်းသိနိုင်ဖို့ လက်ဆင့်ကမ်း ရေးသားခဲ့တယ်ဆိုလည်းမှားမယ်မထင်ပါဘူး ။
"ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ လူတစ်ယောက်ရဲ့ အသက်က စျေးပေါတယ်" တဲ့။ အထူးသဖြင့်ကျေးလတ်တောရွာတွေမှာဒီစကားက ပိုထင်သာမြင်သာလှပါတယ်။ ဥပမာ ကျန်းမာရေး ။ လမ်းပန်းဆက်သွယ်ရေးသိပ်ကိုခက်ခဲတဲ့ဒေသတွေမှာ လူတွေဟာ ကူးစက်ရောဂါတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင်တစ်နေရာနဲ့တစ်နေရာကိုအချိန်မှီမရောက်နိုင်လို့ မသေသင့်ပဲသေရတယ်။
လုံလောက်တဲ့ဆေးပေးခန်းတွေ၊ဆေးပညာတွေ၊ဆေးပညာရှင်တွေအပြင်အခြားအရာတွေသာပြည့်စုံနေခဲ့မယ်ဆိုရင်ဒီအကျိုးဆက်တွေအထိရောက်မှာမဟုတ်ဘူးလို့ထင်တယ်။ဒါတွေကဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့အားနည်းချက်တွေထဲကတစ်ခုပဲ။
အဲဒီအခါမှာ အေးငြိမ်းမေ ပြောသလိုပဲမြန်မာလူမျိုးတွေရဲ့နေ့စဥ်မပါမဖြစ်လိုဖြစ်နေတဲ့နေ့စဥ်လက်သုံးစကားလိုဖြစ်နေတဲ့ "ကံ" ကိုပဲပုံချရမှာလား။ဒီလိုအစစအရာရာမှာခက်ခဲတဲ့ရွာတွေမှာ လူသွားဖြစ်တဲ့သူတွေကသာ ကံဆိုးတဲ့လူတွေလား.......
ဒါတွေကို ဒီစာအုပ်လေးထဲမှာ ကိုယ်တိုင်ခံစားနားဆင်ရင်းအဖြေရှာကြည့်ကြရအောင်လား . . .
🧡 🧡 🧡 🧡 🧡
သူမင်းကိုဘယ်တော့မှ
စာရေးသူ - ဂျူး
စာဖတ်သူ - စံ
တပါတ်စဉ် -တနလ်ာ ၊ အဂ်ါ (ည ၈နာရီ ) တွင် ဒို့အညာ ယူကျုချန်နယ်မှာ ဖတ်ပြတင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
စောင့်မျှော်အားပေးနားဆင်ပေးကြပါဦးနော်. . .
ဒို့အညာ
အပိုင်း (၁) • သူမင်းကိုဘယ်တော့မှ #ဂျူး #စံ / မေးခွ...
အပိုင်း (၂) • သူမင်းကိုဘယ်တော့မှ #ဂျူး #စံ / မေးခွ...
အပိုင်း (၃) • သူမင်းကိုဘယ်တော့မှ #ဂျူး #စံ / မေးခွ...
မေးခွန်းအမှတ်(၃) မင်းအပေါ်မှာဩဇာအလွှမ်းမိုးဆုံးစာအုပ်အကြောင်း • သူမင်းကိုဘယ်တော့မှ #ဂျူး #စံ / မေးခွ...
မေးခွန်းအမှတ်(၄)ဆင်းရဲခြင်းကြောင့်ဖြစ်ရတဲ့ဆိုးကျိုးတခုခုအကြောင်း
#ဂျူး #စံ #သူမင်းကိုဘယ်တော့မှ
#ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ
#DohAhNyar #တို့အညာ #Audiobooks

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: