Michi Teyu Ku「満ちてゆく」 | Fujii Kaze [Lyrics-Jpn | Rom | Mm]
Автор: Asahi’s Diary
Загружено: 2024-05-15
Просмотров: 5674
Artist :Fujii Kaze「藤井 風」
Song :Michi Teyu Ku | 満ちてゆく
MV Link : • Fujii Kaze - Michi Teyu Ku (Overflowing) /...
Spotify🎧: https://open.spotify.com/track/4hsEFc...
Marchလကမှ ထွက်ထားတဲ့FujiiKazeရဲ့ဒီသီချင်းသစ်လေးကို နားထောင်ဖို့highly recommendပေးချင်ပါတယ် FujiiKaze ရဲ့ masterpiece songsတွေထဲက တစ်ပုဒ်ဆိုလည်းမမှားပါဘူး ကျနော်ကတော့ဒီသီချင်းလေးကိုအရမ်းသဘောကျမိတယ်
သီချင်းလေးရဲ့ခေါင်းစဉ်လေး [満ちてゆく] ဆိုတာကတော့ “ပြည့်စုံတယ်၊ပြည့်ဝတယ်”လို့အဓိပ္ပါယ်ရပါတယ် တစ်စုံတစ်ရာပစ္စည်းတခုခုရတဲ့အခါမှ ပြည့်စုံတာမျိုးမဟုတ်ပဲ ဘဝမှာ ဝမ်းနည်းမှုတွေ၊ ရုန်းကန်မှုတွေနဲ့ ကြုံရတဲ့အခါချစ်ရတဲ့သူ ဒါမှမဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့အခါ ဆုံးရှုံးသွားလိုက်ရတဲ့တန်ဖိုးကိုသိပြီး နာကျင်စရာတွေဖြစ်လာတတ်တယ် အဲ့တာတွေကိုမင်းလက်ခံနိုင်ရမယ် နောက်ပြီးလွှတ်ချနိုင်ရမယ် အဲ့လိုမှ မင်းရဲ့စိုးရိမ်စိတ်တွေ ပျောက်သွားမယ် ပေါ့ပါးလာပြီး မင်းရဲ့နှလုံးသားလေးက ပြည့်ဝလာမယ် ပြည့်စုံလာမယ် ဆိုတဲ့အဓိပ္ပါယ်လေးပါ
သီချင်းလေးရဲ့အဓိကပေးချင်တဲ့Messageကတော့ အစရှိရင်အဆုံးရှိတယ် အချစ်ဆိုတာ တစုံတစ်ယောက်ဆီကတောင်းဆိုပြီးရတဲ့အရာမှမဟုတ်ဘူးအရင်ကတည်းက ကိုယ့်မှာရှိပြီးသားအရာပါ(များများပေးလေ၊ပိုလျှံလေ) ချစ်သူသမီးရည်းစားတွေမှ မဟုတ်ဘူး ကိုယ်ချစ်ရတဲ့မိသားစုဝင်တွေကိုလည်းအချိန်မလွန်ခင် များများချစ်ပေးဖို့ လိုအပ်ပါတယ်
Music video လေးကိုလည်းသွားကြည့်ပေးကြပါဦးနော် MVလေးထဲမှာတော့ပင်လယ်ထဲမှာ မတော်တဆမှုတစ်ခုကြောင့် သူ့အမေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးလေးဟာ သူ့အမေကို မကယ်တင်နိုင်ခဲ့လို့ နောင်တရပြီးအထီးကျန်ဆန်စွာ ရုန်းကန်နေရပေမယ့် နောက်ဆုံးသူသိလိုက်ရတာက သူ့အနားမှာသူ့အမေကအမြဲအတူရှိနေခဲ့တယ် အစမှာအထီးကျန်မှုတွေ ပြည့်နှက်နေပေမယ့် အမေ့လက်ကို ရေထဲလွှတ်လိုက်မိတာက နောင်တမဟုတ်ပဲ ကယ်တင်ခံရတာကို သိသွားတယ် ဆိုတဲ့ဝမ်းနည်းကြေကွဲစရာကောင်းတဲ့သီချင်းလေးပါ
#fujiikaze #jpop #japanesesong #mmsub
_____________________________________________
Disclaimer: No COPYRIGHT infringement intended. This is for entertainment purposes only.I do not own the MUSIC.All rights belong to rightful owner.
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: