စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော် ဦးလက္ခဏ၏ ပရိတ်တရားတော်
Автор: Watch to Donate
Загружено: 2021-01-05
Просмотров: 4234
ဆရာတော် ဦးလက္ခဏ (စစ်ကိုင်းတောင်ရိုး ကျစွာချောင်ဆရာတော်) ၏ ပရိတ်တရားတော်
တရားတော်တွေ နာယူဖို့အတွက် Subscribe ကို နှိပ်ခဲ့ပေးပါ
တရားတော် ပူဇော်ရခြင်းအကျိုးကျေးဇူး
၁။ မင်္ဂလသုတ် - လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသတိုင်း၌ ချမ်းသာစွာနေရခြင်း
၂။ ရတနသုတ် - ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂ်ဘေး၊ ဘီလူးဘေး ၊ ငတ်မွတ်ခေါင်းပါးဘေးတို့မှ ကင်းလွတ်နိုင်ခြင်း
၃။ မေတ္တာသုတ် - ရွတ်ဖတ်လိုက်နာခြင်းဖြင့် ဘီလူးသရဲစသော မကောင်းဆိုးဝါးတို့က ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ခြင်း၊ ချမ်းသာစွာအိပ်ရ ၊နိုးရခြင်း စသော အကျိုး ၁၁ ပါး ရရှိနိုင်ခြင်း
၄။ ခန္ဓသုတ်- ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် သတ္တဝါ အားလုံးတို့၏ ပြင်းထန်သော အဆိပ်နှင့် ဘေးရန်အမျိုးမျိုးတို့ကို ပပျောက်စေနိုင်ခြင်း
၅။ မောရသုတ် - ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မင်းဘေးစသော ဘေးရန်အပေါင်းတို့မှ လွတ်ကင်းနိုင်ခြင်း
၆။ ၀ဠသုတ် - ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မီးမလောင်နိုင်ခြင်း၊ မီးဘေးမှ ကင်းလွတ်နိုင်ခြင်း
၇။ ဓဇဂ္ဂသုတ် - စိတ်ထဲတွင် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် ကောင်းကင်၌ မြေပြင်အလား ရပ်တည်နိုင်ခြင်း၊ ထိတ်လန့်ကြောက်ရွံခြင်းမှ ကင်းလွတ်နိုင်ခြင်း
၈။ အာဋာနာဠိယသုတ် - ပွားများ ရွတ်ဖတ်ခြင်းဖြင့် နတ်ကြမ်း၊ ဘီလူးကြမ်းတို့မှ မညှဉ်းဆဲ မနှိပ်စက်နိုင်ခြင်း
၉။ အင်္ဂုလိမာလသုတ်- ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ကိုယ်၀န်ဆောင်မိခင်များ လွယ်ကူစွာ သားဖွယးနိုင်ခြင်း၊ မိခင်ရော ကလေးပါ ကျန်းမာချမ်းသာခြင်း
၁၀။ ဗောဇ္ဈင်္ဂသုတ် -ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် နာမကျန်းဖြစ်၍ ဆင်းရဲ ဒုက္ခရောက်သူတို့ ဆင်းရဲမှ လွတ်ကင်းစေခြင်း၊ မာရ်စစ်သည်တို့ နှိမ်နင်းချေဖျက်နိုင်ခြင်း ၊ သံသရာမှ လွတ်မြောက်နိုင်ခြင်း၊ ဇာတိ ၊ ဇရာ၊ မရဏဘေးတို့မီ လွတ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း
၁၁။ ပုဗ္ဗဏှသုတ် - ပွားများရွတိယ်ဖတ်ပါက မကောင်းသော အတိတ် နိမိတ်များ မကောင်းသော အမင်္ဂလာ ဟူသမျှ ဌက်ဆိုးသံ၊ ပါပဂြိုလ်၊ မကောင်းသော အိမ်မက်ဆိုးများ ပျောက်ကင်းနိုင်ခြင်း .......
စသောအကျိုးအာနိသင်များကို အသီးသီးရရှိနိုင်ပါသည်။

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: