စစ်ရေးရှုံးနေတဲ့ စစ်ကောင်စီဘက် ဘာ့ကြောင့် တရုတ်ရပ်ရသလဲ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: Дата премьеры: 2 нояб. 2024 г.
Просмотров: 905 310 просмотров
အခု နိုဝင်ဘာလဆန်းမှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွန်းမင်မှာ ကျင်းပမယ့် မဟာ မဲခေါင်ဒေသခွဲ နိုင်ငံတွေရဲ့ အစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားတက်မယ် ဆိုပြီး နားလည်ထားရပါတယ်။ ဒါဟာ မြန်မာစစ်တပ် တကျော့ပြန် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ပြည် ခရီးစဥ် အထမြောက်လာတာ ဖြစ်ပါတယ်။
ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အပါအဝင် လက်ရှိ စစ်ရေး အခြေအနေမှာ အာဏာသိမ်းစစ်တပ် မရှုမလှ ဖြစ်နေရတဲ့ အတွက် စစ်ခေါင်းဆောင်အပေါ် တပ်တွင်းနဲ့ တပ်ထောက်ခံသူတွေ ကြားထဲ ဝေဖန်မှုတွေ ရှိလာနေချိန်၊ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ် အပေါ် ပိုပြီး တိမ်းညွတ်တဲ့ ရပ်တည်ချက်တွေ သိသိသာသာ ပြလာပါတယ်။ ဒါ့ကြောင့် စစ်ခေါင်းဆောင် အနေနဲ့ အတော်လေး အသက်ရှု ချောင်သွားပြီး၊ အခုဆိုရင် တရုတ်နိုင်ငံ ခရီးစဥ် သွားဖို့အထိ ဖြစ်လာခဲ့ပါတယ်။
ဘာ့ကြောင့် တရုတ်ရဲ့ မြန်မာ့အရေး ချည်းကပ်မှုမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာရတာလဲ ... သူတို့ ဘာကို ရည်မှန်း လုပ်ဆောင်နေတာလဲ ... စစ်ခေါင်းဆောင်ရဲ့ ခွန်းမင် ခရီးစဥ် ဘယ်လောက် ထူးခြားနိုင်လဲ ... စတာတွေ အပေါ် ဒီတစ်ပတ် ဆန်းစစ် သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အကြံပြုချက်တွေ ပေးနေတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း အထူး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောတို့ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းထောက်ကို ဝေဖြိုး စီစဥ် တင်ဆက်ထားတာကို နိုဝင်ဘာ ၂ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: