Khit Thit Morning News | January 15, 2026
Автор: Khit Thit Media
Загружено: 2026-01-14
Просмотров: 465114
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပြည်ပသံရုံးတစ်ခုနဲ့ Mask တပ်ပြီး လျှို့ဝှက်စွာ သွားရောက်တွေ့ဆုံမှုနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ သက်သက်ခိုင်နဲ့ အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို အရေးယူမယ်လို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်က ဒုဗိုလ်မှူးကြီးအောင်ကျော်စွာ နဲ့အဖွဲ့က စစ်လေယာဉ်တွေနဲ့ ကုန်ပစ္စည်းနဲ့ ခရီးသည်တွေတင်ကာ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ခုကို ဝင်ရောက်စီးနင်းကာ ပြည်သူတွေကို ရွာပြင်ပေးမထွက်တော့ဘဲ ရွာလုံးကျွတ်ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်မှာ အစိုးရထောက်ပံ့ကြေးယူနိုင်ခြေရှိတယ်ဆိုကာ မြန်မာနိုင်ငံ၊ထိုင်းနိုင်ငံ အပါအဝင် ၇၅ နိုင်ငံက နိုင်ငံသားတွေအတွက် အခြေချဗီဇာတွေ ထုတ်ပေးမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: