မန္တလေးတိုင်းအထိရောက်လာတဲ့ တော်လှန်ရေးအရွေ့ဘယ်ကိုဦးတည်လဲ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2024-07-29
Просмотров: 966440
“ရှမ်း - မန်းစစ်ဆင်ရေး” လို့လည်းသိကြတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်း တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအလယ်ဗဟိုချက် မန္တလေးမြို့ပေါ်နဲ့ ၁၅ မိုင်ပတ်ချာလည်ကို ရောက်ရှိနေပါပြီ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မိုးကုတ် - မန္တလေးလမ်းမပေါ်က တိုက်ပွဲတွေကို ဦးဆောင်နေပြီး စဉ့်ကူးမြို့ကိုပါ သိမ်းပိုက်ထားပါတယ်။
သုံးနှစ်ခွဲသက်တမ်းရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတဲ့ ဒီတိုက်ပွဲတွေဟာ ဘယ်ကိုဦးတည်နေတာလဲ။ စစ်ရေးပြင်းထန်နေတာနဲ့အတူပေါ်ပေါက်လာတဲ့ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုတာကို ဘာကြောင့်လုပ်ဆောင်တာလဲ။
မန္တလေးတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်သူတွေရဲ့ ပြောဆိုချက်နဲ့အတူ ဘီဘီစီရဲ့ ဒီရုပ်သံ ကြည့်ရှုနိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း #မန္တလေး #၁၀၂၇ စစ်ဆင်ရေး #ပြည်သူ့ကာကွယ်ရေးတပ်မတော်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: