ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့လိုကြောင်း အာဆီယံပြော (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-10-27
Просмотров: 79850
အာဏာသိမ်းစစ်တပ် အနေနဲ့ ရွေးကောက်ပွဲကို အလေးပေးဆောင်ရွက်နေပေမယ့် အကြမ်းဖက်မှုတွေကိုရပ်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်မြောက်ဖို့လိုတယ်လို့ အာဆီယံက ဘုံသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပနေဆဲဖြစ်တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကနေ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၂၈ ချက်ကို အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အာဆီယံက လေ့လာသူတွေစေလွှတ်ဖို့ ဖိတ်ကြားချက်ကို မှတ်သားထားကြောင်းနဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတ၊ ငြိမ်းချမ်းပြီး သက်ဆိုင်သူ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်းလည်း အာဆီယံ ထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။
#မြန်မာ #ဧရာဝတီ #အာဆီယံ #ရွေးကောက်ပွဲ #နိုင်ငံရေး #ဆွေးနွေးပွဲ #အကြမ်းဖက် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: