AA/ULA၏ အကြီးအကဲက အောက်ပါအတိုင်း အမိန့်ချခဲ့ကြောင်း က/ကံပြင်ရွာ
Автор: Arakan Tv News
Загружено: 2025-12-11
Просмотров: 115
ဘူးသီးတောင် တပ်ရာနဲ့ က/ကံပြင်ရွာသားတွေကို နေရပ်ပြန်ခွင့်ပြုမှာ မဟုတ်၊ သိန်း ၂၀ ကျပ်စီ ပေးနိုင်မယ့် ရိုဟင်ဂျာ မိသားစုများအား ဒုက္ခသည်စခန်းကဲ့သို့ တဲအိမ်တန်းတွေ စီစဥ်ပေးမယ်ဟု AA ပြော
MDN- ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၅။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တပ်ရာရွာ(ဇော်ဘောရ်ဖါရာ) နှင့် က/ကံပြင်ကျေးရွာသားများကို မိမိတို့နေရပ်ပြန်ခွင့်ပြုမယ့်မဟုတ်ပဲ သိန်း ၁၅ သိန်းကနေ သိန်း ၂၀ ကျပ်စီအထိ ပေးနိုင်မယ့် ရိုဟင်ဂျာ မိသားစုများကိုသာ မိမိတို့နေရပ်သို့ မဟုတ်ပဲ တခြားနေရာများမှာ ဒုက္ခသည်စခန်းများကဲ့သို့ပင် တဲအိမ်တန်းများ စီစဥ်ပေးတော့မည်ဟု အစည်းအဝေးအတွင်း AA နယ်မြေမှူးတစ်ဦးက ပြောသွားခဲ့ကြောင်း ဒေသခံများက MDN ကို ဝမ်းနည်းစွာ ပြောကြားခဲ့သည်။
" ဘူးသီးတောင်မြို့နယ်၊ တပ်ရာရွာနှင့် က/ကံပြင်ကျေးရွာအုပ်စုရှိ အိမ်ခြေစုစုပေါင်း ၇၀၀ ကျော်ရှိခဲ့ရာမှ ၂၀၂၄ ခုနစ်၊ မတ်လ (၁၈) ရက်နေ့တွင် AA အဖွဲ့၏ နှင်ထုတ်ခဲ့မှုကြောင့် မိမိတို့ကျေးရွာကို စွန့်လွှတ်၍ တခြားကျေးရွာများသို့ ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့အထိ စစ်ဘေးရှောင်အဖြစ် နေထိုင်ကြရသည်။ အဲဒီထဲက အိမ်ခြေတစ်ဝက်ကျော် ဘင်္ဂလားဒေ့ချ်နိုင်ငံနှင့် ပြည်မဖက်သို့ စစ်ရှောင်ဘဝဖြင့် ခိုလှုံနေထိုင်ကြသည်”ဟု တပ်ရာရွာသားတစ်ဦးက ပြောပြသည်။
AA အဖွဲ့၏ အတင်းဖိအားပေး နှင်ထုတ်ခဲ့မှုကြောင့် မိမိတို့ကျေးရွာကို စွန့်လွှတ်ပြီးနောက်ပိုင်းတွင် AA က ရခိုင်လူမျိုးများနှင့် ပူးပေါင်းပြီး ရိုဟင်ဂျာနေအိမ်များနှင့် နေအိမ်ရှိ ပစ္စည်းဟုသမျှအားလုံးကို သယ်ယူပြိုပျက်၍ ကျန်ရစ်သော နေအိမ်ကို မီးရှို့ပျက်ဆီးစေခဲ့ပြီး၊ ယခု စားကျက်မြေဖြစ်နေပြီ။ AA က လက်နက်အားဖြင့် ရိုဟင်ဂျာ အရပ်သားပြည်သူများကို နေ့စဥ်ရက်ဆက် ပေါ်တာဆွဲ၍ တောတောင် ချုံဖုတ်များ ရှင်းလင်းခိုင်းနေကြပါသည်။ မိမိတို့ကျေးရွာကို ရရှိနိုင်ရေးအတွက်ဆိုပြီး၊ အာရက္ခပြည်သူ့အစိုးရ အမည်ခံအဖွဲ့ ULA/AA က ကျန်ရစ်နေထိုင်သော ရိုဟင်ဂျာကျေးရွာသားများထဲက ရပ်မိရပ်ဖများကို အသနားခံလွှင်တင်ထားရန် ညွှန်ပြထားပါသည်။ ညွှန်ပြထားသည့်အတိုင်း အသနားခံတင်ထားခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် AA ဖွဲ့စည်းပေးထားသော မွတ်စ္စလင်မ်ရေးရာကောင်စီအဖွဲ့ အပါအဝင် ရိုဟင်ဂျာ ရပ်မိရပ်ဖတွေနဲ့ AA/ULA က အစည်းအဝးတရပ်ပြုလုပ်ခဲ့ပြီး အစည်းအဝေးအတွင်း AA/ULA၏ အကြီးအကဲက အောက်ပါအတိုင်း အမိန့်ချခဲ့ကြောင်း က/ကံပြင်ရွာသားတစ်ဦးက MDN ကို ကြောကြားခဲ့သည်။
စည်းဝေးပွဲအတွင်း AA/ULA က ပြောကြားခဲ့သည်မှာ__
" မင်းတို့မွတ်ဆလင်များသည် အေးချမ်းစွာနေထိုင်လိုလျှင် အာရက္ခပြည်သူ့အစိုးရ AA/ULA၏ အမိန့်ကို နာခံရမည်။ မင်းတို့မွတ်ဆလင်များက အရင်ပိုင်ဆိုင်ထားခဲ့သည့်အတိုင်း အိမ်ယာမြေများကို ရမည် မဟုတ်။ အာရက္ခပြည်သူ့အစိုးရ၏ လမ်းညွှန်ချက်အရ အလျား ပေ ၆၀၊ အနံ ပေ ၄၀ အတိုင်းအာတာဖြင့် ဒုက္ခသည်စခန်းများကဲ့သို့ အိမ်မြေများကို ရရှိမည်ဖြစ်သည်။ အဲဒီထဲမှာလည်း လမ်းမဘေးမှာ ရရှိမည့် အိမ်ယာမြေရှင်တိုင်း သိန်း ၂၀ ကျပ်စီ ပေးသွင်းရမည်။ ဒုတိယတန်းမှာ ကျမည့်သူတိုင်း သိန်း ၁၅ သိန်းစီ ပေးသွင်းရမည်၊နောက်ဆုံးကျရမည်သူတိုင်းမှာ ၁၅ သိန်းစီ ပေးရပါမည်ဟု ပြောပြီးနောက် မင်းတို့ ပေးသွင်းနိုင်မည်လား ၊မပေးသွင်းနိုင်မည်လား တပတ်အတွင်း အကြောင်းပြန်ရမည်ဟု ပြောထားပါတယ်။ လက်ရှိ အိမ်ခြေ ၃၀၀ ကျော်ရှိရာမှ ငွေကျပ် သိန်း ၃၀၀၀ သုံးထောင်ပေးသွင်းရမည်ဟု အစည်းအဝေးမှာ ရှင်းလင်းပြောကြပါသည်ဟု ဒေသခံများက ဆိုကြပါသည်။
အကယ်၍ ငါတို့ AA/ULA က သတ်မှတ်ထားသောငွေပမာဏာကို သိန်း ၃၀၀၀ မပေးသွင်းနိုင်ပါက တခြားလူမျိုးဖြစ်သည် ဟိန္ဒူ နှင့် တစ်ခြားမြို့နယ်မှလာရောက်သော ရခိုင်လူမျိုးများကို မင်းတို့ အစား နေရာချထားပေးပါမည်ဟု အစည်းအဝေးတွင် AA နယ်မြေမှူးက ရှင်းလင်းပြောဆိုပြီး နည်းဂုံးချုပ်လိုက်ပါသည်ဟု သူက MDN ကို ဆက်ပြောသည်။
ယခုအခါ ကျန်ရစ်နေသော အိမ်ခြေပေါင်း ၃၀၀ ကျော်၏ မိသားစုဝင်များသည် စားနိပ်ရီက္ခာမဖူလုံမှုကို ရင်ဆိုင်နေကြရချိန်တွင် အာရက္ခပြည်သူ့အစိုးရအမည်ခံ AA/ULA အဖွဲ့က အကျပ်ကိုင်ပြီး၊ ပြောဆိုခြင်းသည် ကျန်ရှိသော ရိုဟင်ဂျာလူမျိုးများ တခြားနိုင်ငံသို့ ထွက်ပြေးအောင် ကြံစဥ် ဖန်တီးနေသည်ဟု အများက ဝေဖန်သုံးသပ်နေကြပါတယ်။ AA က လက်ရှိအခြေအနေတွင် ရိုဟင်ဂျာများအပေါ် သွားလာခွင့်ကန့်သတ်ပြီး ပို၍ကြပ်တည်းအောင် ဆောင်ရွက်နေပါသည်ဟု ဘူးသီးတောင်ဒေသခံရိုဟင်ဂျာတစ်ဦးက ပြောပြသည်။
ထို့ပြင် ရန်ကုန်သို့ ရိုဟင်ဂျာများ စစ်ဘေးရှောင်အဖြစ် သွားရောက် နေထိုင်သူတို့၏ ဥစ္စာဓနနှင့်နေအိမ်များမှာ AA ၏ ဆွေမျိုးဆက်များအား လာရောက်နေထိုင်ခိုင်းသည့်အပြင် သိမ်းဆည်း ပိုင်ဆိုင်နေကြပါသည်။ ကမ္ဘာပေါ်တွင် ရိုဟင်ဂျာလူနည်းစုများအတွက် တရားမျှတမှု ပျောက်ကွယ်သွားသလားဟု ရိုဟင်ဂျာလူနည်းစုက မျှော်မှန်းဖြစ်နေပါသည်ဟု ရိုဟင်ဂျာ ရပ်မိရပ်ဖတစ်ဦးက MDN ကို ပြောကြားခဲ့သည်။
" ကမ္ဘာ့မွတ်စ္စလင်မ်နိုင်ငံများ၏ခေါင်းဆောင်များအား ဒီအတိုင်း ကြည့်သင့်နေကောင်းပါမယ်လား ဟု မေးမြန်စေချင်ပါတယ်။ " ရေထဲဆင်းမှ ငါးရသလို ၊ မြေထဲဆင်းမှ မြေရပါမည်”ဟု ယုံကြည်ချက်ဖြင့် အလ္လာဟ်အသျှင်မြတ်တော်ကို ရှေ့ထား၍ သစ္စာ၊လုံလ၊ ဝိရိယဖြင့် တစ်ခုခု စီစဥ်ဆောင်ရွက်သင့်ပါတယ်”လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက စိတ်ခံစားချက်တွေကို ထုတ်ဖော်နေကြပါသည်။
မှတ်ချက် ။ ။ လုံးဝ ကူးယူဖော်ပြခွင်မရှိ။ ငွေရေးကြေးရေးနဲ့ မထောက်ပံံ့နိုင်ရင်လည်းတောင် အနည်းဆုံး သတင်းတွေကို like/Share လုပ်ကြပြီး MDN ကို အားပေးကြပါစို့။
#နိုင်ငံခြားရောက်ရိုဟင်ဂျာတွေဆင်းရဲသွားပါပြီ။
#မြေပြင်ဖြစ်ရပ်မှန်ကိုအချိန်နဲ့တပြည့်ညီတင်ပေးနေတဲ့ #MDNကို #ထောက်ပံ့ဖို့ငွေမရှိတာသိနေတယ်။အို....ရိုဟင်ဂျာတွေ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: