ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဆေးရုံကြီးရောက်နေတယ်ဆိုတဲ့ သတင်းအမှား
Автор: MizzimaTV
Загружено: 2025-12-21
Просмотров: 322373
Zee Tee | မဇ္ဈိမ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဆေးရုံကြီးကို ရောက်နေ တယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ Media TV ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ “ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဆေး ရုံကြီးမှာ ရောက်နေပြီ” ဆိုတဲ့ စာသားနဲ့ အတူ သတင်းတပုဒ်ကို ဖြန့်ဝေခဲ့ပါတယ်။
ဒီအကြောင်းအရာကို ကြည့်ရှုသူ ၅ သိန်းကျော်နေပြီဖြစ်သလို ယူကျုနဲ့ တစ်တော့မှာလည်း ဒီလိုထပ်တူ အကြောင်းအရာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းတွေ များစွာ ပျံ့နေတာကို တွေ့ရပါတယ်။
ဒီသတင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းရဲ့ ပြောဆိုချက်တွေရဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
မဇ္ဈိမက ဒီအကြောင်းအရာနဲ့ပတ်သက်လို့ အချက်အလက် စစ်ဆေးခဲ့ပါတယ်။
ပျံ့နေတဲ့ရုပ်သံဖိုင်ကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကို အများအပြား အသုံးထားတာတွေ့ရ ပါတယ်။ အဲ့ဒီထဲကမှ ဆေးရုံတက်နေတဲ့ ပုံတွေကို ကြည့်မယ်ဆိုရင် တခုခုလွဲမှားနေတာကို ခံစားမိမှာပါ။ ပုံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်နှာကိုသုံးပြီး ဖိုတိုရှော့နဲ့ ပြန်လည်ပြုပြင်ဖန်တီးထားတာ ဒါမှမဟုတ် AI နဲ့ ပြန်လည်ဖန်တီးထားတာမျိုးလို့ ယူဆနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူ့ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဟာ သူ့ရဲ့အမေဟာ သေဆုံး ပြီးဖြစ်နိုင်တယ်လို့ ဒီဇင်ဘာ ၁၅ ရက်က တိုကျိုမှာ ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ လင့် - https://shorturl.at/HXXjg
ဒီလိုပြောဆိုခဲ့ပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေဟာ မျိုးစုံနေ အောင် လူမှုကွန်ရက်တွေမှာပျံ့နှံ့ခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကတော့ သက်သေအထောက်အထား တစုံတရာမှမပါဘဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေး ကောင်းမွန် တယ်ဆိုပြီး ထုတ်ပြန်ချက်တစောင်သာ ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ လင့် - https://t.me/welovetatmataw/73858
ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ကင်မ်အဲရစ်ရဲ့ ပြောစကားနဲ့ သတင်းရေးသားမှုတွေ၊ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို ပြန်လည်သတင်းရေးသားမှုတွေသာ တွေ့ရပြီး အခြားဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို တိတိကျကျရေးသားထားတာမတွေ့ရသေးပါဘူး။
လောလောဆယ်အခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ စစ်ကော်မရှင်က သက်သေမပါဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် တိတိကျကျ အဖြေမသိရသေးချိန်မှာ ပုံတွေနဲ့ လုပ်ကြံဖန်တီးပြီး သူတို့ရဲ့ချန်နယ်တွေ ပေ့ချ်တွေကို လူကြည့်များ အောင် ဆွဲဆောင်ကာ ဝင်ငွေရယူဖို့ ကြိုးစားနေကြသူတွေ ရှိနေတာပါ။
ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဆေးရုံကြီးကို ရောက်နေ တယ်ဆိုတဲ့သတင်းဟာ လက်ရှိ လူစိတ်ဝင်စားမှုများတဲ့ သတင်းကို အခြေခံပြီး လုပ်ကြံဖန်တီးထားတဲ့ ပုံတွေနဲ့ အကြောင်းအရာတွေသုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေးစေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
#Misinformation_Buster
#Fake_News
#Mizzima_Media
#မဇ္ဈိမမီဒီယာ
#DASSK
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Subscribe Mizzima TV :
/ @mizzimanewstv
One link to follow all Mizzima platforms:
https://mizzima.carrd.co
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: