ရှုခင်းတွေအရမ်းလှတဲ့ သက်စိုးတောင်နဲ့ တုရင်တောင်စွယ်တော်မြတ်စေတီ တောင်တက်ခရီး
Автор: myanmaradventure traveler
Загружено: 2025-05-03
Просмотров: 13156
ဒီ vlog လေးကတော့ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းက သက်စိုးတောင်ပေါ်ကို တက်ရောက်ခဲ့တဲ့ အပေါ့စား တောင်တက်ခရီးစဉ်လေးပဲဖြစ်ပါတယ်။ တစ်ချိန်က သက်လူမျိုး တွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ သက်စိုးတောင်ဟာ ရှုခင်းတွေအရမ်းလှပြီး မြေအောက်မှာ နစ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့ ရှေးဟောင်း စေတီပုထိုးအပျက်အစီးတွေလည်း တည်ရှိ တဲ့နေရာတစ်ခုဖြစ်ပါတယ်။ သက်စိုးတောင်ပေါ်က မြင်ရတဲ့ရှုခင်းဟာ တကယ့်ကိုလှပသလို တစ်ဖက်က တုရင်တောင်စွယ်တော်မြတ်စေတီကိုလည်း ဖူးမျှော်ကြည်ညိုလို့ ရနိုင်တဲ့အတွက် တကယ့်ကို သာယာတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ သက်စိုးတောင်ပေါ်မှာ နာမည်ကျော် ထူးခြားတဲ့ ကျောက်ရေကန်ကြီးတစ်ကန်လည်းရှိပါတယ်။ အခု vlog လေး ထဲမှာ အဲဒီကျောက်ရေကန်ကြီးထဲက ပဟေဋိဖြစ်စရာ အမှတ်အသားနဲ့ပတ်သက်ပြီး ကျွန်တော် လေ့လာမိသလောက် ထည့်သွင်းရှင်းပြပေးထားပါတယ်။ ဒါကြောင့် ဒီ vlog လေးဟာ ပျော်စရာကောင်းတဲ့ အပေါ့စားတောင်တက်ခရီးတစ်ခုလည်းဖြစ်သလို Ancient heritage တွေနဲ့ပတ်သက်လို့ ဗဟုသုတရစရာဖြစ်အောင်လည်း ဖန်တီးရိုက်ကူးထားတဲ့ အတွက် အားလုံးပဲ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: