လမ်းဘေးမှာ Vintage အထည်တွေရောင်းနေတဲ့ လေးဘာသာဂုဏ်ထူးရှင် မသျှီသာနေဆုရင်
Автор: Mercury Variety
Загружено: 2021-12-27
Просмотров: 948
အလုပ်ဟူသမျှ ဂုဏ်ရှိစွကို လမ်းဘေးမှာ Vintage အထည်တွေရောင်းချရင်း သက်သေထူနေသူ လေးဘာသာဂုဏ်ထူးရှင် စီးပွားရေးတက္ကသိုလ်ကျောင်းသူ မသျှီသာနေဆုရင်
-------------------------
သူမကိုယ်သူမ သျှီသာ လို့ နာမ်စားသုံးပြီး ပြောတတ်လေ့ရှိပါတယ်။ နာမည်အပြည့်အစုံကတော့ မသျှီသာနေဆုရင်ပါ။ တက္ကသိုလ်ဝင်တန်းကို လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီး စီးပွားရေးတက္ကသိုလ်မှာ ဒုတိယနှစ်ကို Commerce အထူးပြုနဲ့ တက်ရောက်ပညာသင်ကြားနေသူဖြစ်ပါတယ်။ LCCI Level 2 ကိုလည်း အောင်မြင်ထားပါတယ်။ အခုတော့ အဲ့ဒီလို ပညာထူးချွန်သူ ကျောင်းသူလေးတစ်ယောက်က Vintage အထည်တွေကို ရောင်းချရင်း စီးပွားရေးကို လက်တွေ့ကျကျ လုပ်ကိုင်နေပါပြီ။ မသျှီသာနေဆုရင်ဟာ လှည်းတန်း ခိုင်ရွှေဝါလမ်းထိပ်မှာ Vintage အထည်တွေရောင်းချရင်း ဘဝသစ်တစ်ခုကို စတင်ကြည့်နေတာပဲဖြစ်ပါတယ်။ Vintage အထည်ဆိုတာ လွယ်လင့်တကူ အရပ်အခေါ်အဝေါ်နဲ့ပြောရရင် ဘေထုပ်ထည်၊ လေဘေးထည်ပေါ့လေ။ ဒါပေမဲ့ အထည်ရွေးတာကစလို့ ဈေးကွက်တင်ရောင်းချတဲ့အထိ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့အလုပ်အကိုင်တစ်ခုဆိုရင် မမှားလောက်ပါဘူး။ အရင်တုန်းက အလှကုန်ပစ္စည်းတွေလည်း ရောင်းချခဲ့ဖူးတဲ့ မသျှီသာဟာ တစ်နေ့နေ့ရောက်ရင် အလှကုန်ပစ္စည်းနဲ့ အလှကုန်တွဲဖက်ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ဖွင့်ပြီး ကြိုးစားလိုစိတ်ရှိတဲ့လူငယ်တွေကို နေရာပေးနိုင်ဖို့ စိတ်ကူးအိပ်မက် မက်ထားသူလည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မသျှီသာနေဆုရင်ရဲ့ဆိုင်လေးနဲ့ သူမရဲ့အကြောင်းတွေကို Mercury Media ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာကို မသျှီသာနေဆုရင်က သက်သေပြနေလေတယ် မဟုတ်ပါလား။
#Mercury_Media
#Mercury_Life_Story
#Vintage_Seller
#Shithar_Nay_Su_Yin
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: