Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

အနီရောင်လိပ်ပုံ အန်ကူးမုန့် လုပ်ကြမယ်၊အရမ်းလွယ်ပါတယ်​ (Ang Ku Kueh, red tortoise rice cake recipe)

Автор: Vlog by Kyaw and Wah

Загружено: 2025-01-22

Просмотров: 21290

Описание:

🧧နှစ်သစ်ကူးပွဲ‌တော်တိုင်း မပါမဖြစ် ထည့်ကန်‌တော့လေ့ရှိကြပြီး မိသားစုစုံစုံညီညီနဲ့ စားလေ့ရှိကြတဲ့ သက်ရှည်မုန့် လို့ခေါ်တဲ့ အန်းကူမုန့် (Ang Ku Kueh) လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ recipes ပေါင်းများစွားထဲကမှ အကြိုက်ဆုံးဖြစ်တဲ့ မုန့်သားအိအိလေး ရမယ့်နည်းကို တဆင့်ချင်း သေ‌သေချာချာ ဖော်ပြပေးထားတာမို့ အလွယ်တကူလိုက်လုပ်စားနိုင်မယ်လို့မျှော်လင့်ပါတယ်။
အန်းကူမုန့်ရဲ့ အကြောင်းလေးကိုပါ တစ်ဆက်တည်း ဗဟုသုတအ‌နေနဲ့ တွဲဖက် ဖော်ပြပေးလိုက်ပါတယ်

Chapter

00:00 intro
00:31 မြေပဲအနှစ်လုပ်မယ်
01:32 ပဲအနှစ်လုပ်မယ်
03:47အန်ကူးမုန့်သားနယ်မယ်
06:41 လိပ်ပုံဖော်မယ်
08:29 မုန့်ပေါင်းမယ်
09:44 Conclusion

အန်းကူမုန့် 紅龜粿 သည် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၊ မွေးကင်းစ ကလေး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲနှင့် ကျောက်စိမ်းဧကရာဇ်၏ မွေးနေ့ပွဲ (မိုးနတ်မင်း၏ မွေးနေ့ကန်တော့ပွဲ) များတွင် မပါမဖြစ် အသူံပြုလေ့ရှိသော ကောက်ညှင်းမုန့်တစ်မျိုး ဖြစ်သည်။

အန်းကူ ဆိုသည်မှာ ဖူကျန့်အသံထွက်ဖြင့် ခေါ်ဆိုခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ 紅龜粿 ဟုန်ကွေးကော် (လိပ်နီကောက်ညှင်းဆန်မုန့်)ဖြစ်သည်။

မုန့်ပုံသဏ္ဌာန်မှာ လိပ်ပုံစံရှိပြီး မုန့်အတွင်းတွင် မြေပဲ၊ ပဲနီ၊ အုန်းသကြား စသည်တို့ကို ဌာပနာထည့်သွင်းပြုလုပ်ကြသည်။ မုန့်ကို မကပ်စေရန် အောက်တွင် ငှက်ပျောရွက်ခံထားလေ့ရှိသည်။ မုန့်ကို လိပ်ခွံပုံသဏ္ဌာန်ပြုလုပ်ထားခြင်းမှာ တရုတ်ရိုးရာအယူအရ လိပ်သည် အသက်ရှည်ခြင်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မွေးနေ့ပွဲများတွင် သက်ရှည်ခေါက်ဆွဲအပြင် အန်းကူမုန့်ကိုပါ သက်ရှည်၊ ကံကောင်း၊ ကြီးပွားချမ်းသာ စေရန် စသည့် အတိတ်နိမိတ်ကောင်းများယူပြီး စားသုံးလေ့ရှိကြသည်။ တရုတ်နှစ်သစ်ကူးပွဲ၌လည်း ကန်တော့ပွဲများတွင် မင်္ဂလာရှိသောမုန့်အဖြစ် မပါမဖြစ် ထည့်သွင်းကန်‌တော့လေ့ ရှိသည်။

အန်းကူမုန့်ကို မွေးကင်းစ ကလေး ရက် ၁၀၀ ပြည့်မွေးနေ့ပွဲများတွင်လည်း မပါမဖြစ် မုန့်တစ်မျိုးအဖြစ် ကျွေးမွေးလေ့ရှိသည်။

အန်းကူမုန့်တွင် အဓိကပါဝင်ပစ္စည်းက ၂ မျိုးသာရှိပြီး ၎င်းတို့မှာ မုန့်အသားနှင့် ဌာပနာအဆာတို့ ဖြစ်သည်။
မုန့်အသားကို ကောက်ညှင်းဆန်မှုန့် (သို့မဟုတ်) ကန်စွန်းဥမှုန့်ဖြင့် ပြုလုပ်လေ့ရှိပြီး ပဲနီလေး၊ ပဲတီစိမ်း mung bean၊ မြေပဲ တို့ကို အတွင်းမှ အဆာပလာအနေဖြင့် ထည့်လေ့ရှိသည်။

မုန့်လုပ်နည်းမှာ မုန့်အနှစ်ထဲသို့ အဆာပလာထည့်ပြီး လိပ်ခွံပုံဖော်ထားသည့် မိုထဲတွင်ထည့်ကာ ဖိနှိပ်ရသည်။ မကပ်စေရန် ဆီ (သို့မဟုတ်) ရေ အနည်းငယ်စွတ်ကာ ငှက်ပျောရွက်ပေါ်တင်ပြီး အိုးထဲတွင် ပေါင်းရသည်။

👲တရုတ်ရိုးရာဓလေ့၌အရေးပါသောမုန့်

အန်းကူမုန့်အရောင်ဖြစ်သော အနီရောင်သည် ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်း၏ သင်္ကေတဖြစ်ပြီး လိပ်သည် အသက်ရှည်ခြင်း၊ ဩဇာရှိခြင်း၊ ဇွဲရှိခြင်းတို့၏ ကိုယ်စားပြု သင်္ကေတဖြစ်သည်။

🧧တရုတ်နှစ်သစ်ကူး🎋

တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း၌ အန်းကူမုန့်သည် ကန်တော့ပွဲများတွင် မပါမဖြစ် ကန်တော့ပွဲမုန့်မျိုး ဖြစ်သည်။ ငြိမ်းချမ်းသာယာခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ ကံကောင်းခြင်းများ ဆိုက်ရောက်စေရန် အန်းကူမုန့်ကို အချိုများများဖြင့် ပြုလုပ်လေ့ရှိကြသည်။

🥳🎂ကျောက်စိမ်းဧကရာဇ်၏ မွေးနေ့

ကောင်းကင်ဘုံနှင့်တကွ လောက ၃ ပါးကို အုပ်ချုပ်သူဖြစ်သည့် ကျောက်စိမ်းဧကရာဇ် (ခေါ်) မိုးနတ်မင်း၏ မွေးနေ့တွင်လည်း မိုးနတ်မင်း၏ အမည်နာမကို တိုင်တည်ပြီး အန်းကူမုန့်ဖြင့် ဆုတောင်းလေ့ရှိသည်။
မိုးနတ်မင်း ယွီဟွမ်တတိ၏ မွေးနေ့ပွဲတွင် အန်းကူမုန့်ကို အနည်းဆုံး ၆ ခုထည့်ပြီး ကန်တော့ရသည်။ တရုတ်နံပါတ်တွင် ၆ ဂဏန်းသည် 六六大順 ကံကောင်းလာဘ်ပွင့်စေသည့် ကိန်းဂဏန်းဖြစ်သည်။
မိုးနတ်မင်းကို ကန်တော့ရာတွင် အန်းကူမုန့် အရေအတွက်ကို ၆ ခုထက်ပိုပါက ၂ ဆနှုန်းဖြင့် ထည့်ပြီး ကန်တော့ရမည်။ ဥပမာ ၆၊ ၁၂၊ ၂၄၊ ၃၆

✅ချင်းမင်ကျယ်ပွဲ (ဘိုးဘေးသင်္ချိိုင်းကန်တော့ပွဲ)

တရုတ်ရိုးရာ ဘိုးဘေးသင်္ချိုင်းကန်တော့ပွဲတွင်လည်း ကွယ်လွန်သူ ဘိုးဘေးများကို အရိုအသေပြုသည့် အနေဖြင့် အန်းကူမုန့်ကို ထည့်သွင်းကန်တော့လေ့ရှိကြသည်။
🔴ထိုမုန့်ပေါ်မှ အနီရောင်သည် ဘိုးဘေးတို့ ဦးဆောင်လမ်းညွှန်ပြခဲ့သည့် မွန်မြတ်သောဘဝကို ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းမျိုးဖြစ်ပြီး
⚪ အဖြူမှာ သားမြေးမြစ်တို့၏ ဝမ်းနည်းမှုကို ဖော်ပြခြင်းမျိုး ဖြစ်သည်။
🟢 အစိမ်းရောင်မှာ တမလွန်ဘဝတွင် ဘိုးဘေးများ အေးချမ်းပြီး အဆင်ပြေချောမွေ့စေရန် ဆုတောင်းခြင်းမျိုး ဖြစ်သည်။

♥️ချီးရှီးပွဲတော် (တရုတ်ရိုးရာချစ်သူများပွဲတော်)💞

တရုတ်လပြက္ခဒိန် ၇ လပိုင်း ၇ ရက်နေ့တွင် ကျရောက်မည့် တရုတ်ချစ်သူများနေ့တွင်လည်း ဇနီးက ခင်ပွန်းဖြစ်သူ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်စေရန် ရည်ရွယ်ပြီး အန်းကူမုန့်ကို ကျွေးလေ့ရှိသည်။

🎂မွေးနေ့ပွဲ

တရုတ်ရိုးရာဓလေ့တွင် အသက် ၆၀ပြည့် မွေးနေ့မင်္ဂလာပွဲသည် အရေးပါဆုံးသော အခမ်းအနားဖြစ်သည်။ အသက် ၆၀ သည် လူ့သက်တမ်း၏ တစ်ဝက်ဖြစ်သည့်အတွက် အသက် ၆၀ ထိတိုင်အောင် နေခဲ့ပြီးပါက ကံထူးသူပင် ဖြစ်သည်။
ထို့ကြောင့် မွေးနေ့ပွဲများတွင် သက်ရှည်ခေါက်ဆွဲနှင့် အန်းကူမုန့်ကို မိသားစုအားလုံး ဝိုင်းဖွဲ့ကာစားသုံးကြရသည်။ မွေးနေ့ပွဲများတွင် အန်းကူမုန့်ကို အသက် ၆၀ ပြည့်ပြီးသော မွေးနေ့ရှင်၏ အသက်အရေအတွက်အပြင် နောက်ထပ် ၁၂ ခု ပေါင်းထည့်ပြီး ပြင်ဆင်ကျွေးမွေးရသည်။

🥳မွေးကင်းစ ကလေးငယ်၏ တလပြည့်မွေးနေ့ 🤱

ကလေး ၁ လပြည့် မွေးနေ့တွင် အန်းကူမုန့်ကို ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့ကို ကျွေးမွေးကြပြီး ကလေးငယ်ဆီသို့ ကံကောင်းခြင်းများ ရောက်ရှိလာစေရန်၊ အသက်ရှည်ကျန်းမာစေရန် အတူတကွ တောင်းဆုပြုလေ့ရှိကြသည်။

ယခုဖော်ပြပေးတာလေးတွေကတော့ အန်းကူမုန့်လေးနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ 🙏🙏🙏


Subscribe my channel
   / @vlogbykyawandwah  


Disclaimer**: All content featured in Vlog by kyaw and wah are original and created solely by ourself. We take pride in crafting our own narratives and stories, ensuring a unique and immersive experience for our audience. Thank you for supporting.


#angku #အန်းကူမုန့် #သက်ရှည်မုန့်
#紅龜粿
#CNY2025 #YearOfSnake

အနီရောင်လိပ်ပုံ အန်ကူးမုန့် လုပ်ကြမယ်၊အရမ်းလွယ်ပါတယ်​ (Ang Ku Kueh, red tortoise rice cake recipe)

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

Ovenမလို အိမ်မှာအလွယ်တကူလုပ်စားနိုင်မယ့် ပဲလမုန့် လုပ်နည်း | Mung Bean Pastry | Bean Cake

Ovenမလို အိမ်မှာအလွယ်တကူလုပ်စားနိုင်မယ့် ပဲလမုန့် လုပ်နည်း | Mung Bean Pastry | Bean Cake

Как сделать самую быструю Моцареллу в Мире !  СЫР БЕЗ ЗАКВАСКИ И ФЕРМЕНТА / Сыроварня Елисеевых

Как сделать самую быструю Моцареллу в Мире ! СЫР БЕЗ ЗАКВАСКИ И ФЕРМЕНТА / Сыроварня Елисеевых

တရုတ်နှစ်သစ်ကူးမုန့် တီကေ့ အီကွေ့ လုပ်နည်းnian gao 年糕 nián gāo

တရုတ်နှစ်သစ်ကူးမုန့် တီကေ့ အီကွေ့ လုပ်နည်းnian gao 年糕 nián gāo

ထမနဲ ထိုးနည်း | ထမင်းနှဲ | ယာဂု | နှမ်းမနဲ | Burmese Traditional Sticky Rice Snack | Htamane

ထမနဲ ထိုးနည်း | ထမင်းနှဲ | ယာဂု | နှမ်းမနဲ | Burmese Traditional Sticky Rice Snack | Htamane

❗Только молоко и сгущенка! Рождественский десерт за 10 минут без духовки, муки и желатина!

❗Только молоко и сгущенка! Рождественский десерт за 10 минут без духовки, муки и желатина!

တီကွေ့လုပ်နည်း (年糕)

တီကွေ့လုပ်နည်း (年糕)

မန္တလေးထိုးမုန့်  အလွယ်လုပ်နည်း (mandalay greasy sweet dessert)

မန္တလေးထိုးမုန့် အလွယ်လုပ်နည်း (mandalay greasy sweet dessert)

အီကွေ့ တရုတ်မုန့် Chinese new years desserts

အီကွေ့ တရုတ်မုန့် Chinese new years desserts

ရန်ကုန်မြို့လယ်ခေါင်က စျေးတွေ ၁၈လမ်းစျေး (ခေါ် ) လသာစျေး (Yangon Downtown Street Market)

ရန်ကုန်မြို့လယ်ခေါင်က စျေးတွေ ၁၈လမ်းစျေး (ခေါ် ) လသာစျေး (Yangon Downtown Street Market)

Ovan မလိုတဲ့ ပဲလမုန့်လေးလုပ်ပြထားပါတယ် @Herlifestyle-pnw

Ovan မလိုတဲ့ ပဲလမုန့်လေးလုပ်ပြထားပါတယ် @Herlifestyle-pnw

တရုတ် ဆန်မုန့်ချို Chinese rice cake

တရုတ် ဆန်မုန့်ချို Chinese rice cake

Mandalay bean fritters (မန္တလေး ပဲကြော်)

Mandalay bean fritters (မန္တလေး ပဲကြော်)

တရုတ်အန်ကူးမုန့်လုပ်နည်း

တရုတ်အန်ကူးမုန့်လုပ်နည်း

ခေါက်မုန့်လုပ်နည်း၊ အညာမြေရိုးရာမုန့်ပွဲတော်၊ Myanmar Snacks, Open History Project; Meikhtila

ခေါက်မုန့်လုပ်နည်း၊ အညာမြေရိုးရာမုန့်ပွဲတော်၊ Myanmar Snacks, Open History Project; Meikhtila

မုန့်ကြက်အူ/မုန့်ကြက်ဥ /မုန့်ချိုသွင်း                       How to make Myanmar snack Mont Cho Twin

မုန့်ကြက်အူ/မုန့်ကြက်ဥ /မုန့်ချိုသွင်း How to make Myanmar snack Mont Cho Twin

မုန့်လက်ကောက်ကြော် ဆီမပေါက်ပဲ စားကောင်းအောင်ကြော်နည်း | Myanmar Traditional Snack| Burmese Donuts

မုန့်လက်ကောက်ကြော် ဆီမပေါက်ပဲ စားကောင်းအောင်ကြော်နည်း | Myanmar Traditional Snack| Burmese Donuts

သပြု ကောက်ညှင်းဘိန်းမုန့်ကို အိမ်မှာ လုပ်စားမယ် 😋 (glutinous rice pancake with poppy seeds recipe)

သပြု ကောက်ညှင်းဘိန်းမုန့်ကို အိမ်မှာ လုပ်စားမယ် 😋 (glutinous rice pancake with poppy seeds recipe)

လက်ကားဒိုင်ကြီး ညောင်ပင်လေးစျေး ….

လက်ကားဒိုင်ကြီး ညောင်ပင်လေးစျေး ….

တစ်နေ့ ဘယ်လောက်ရောင်းရလဲလို့မေးရင် လန့်သွားမယ် ယောင်းမရေ

တစ်နေ့ ဘယ်လောက်ရောင်းရလဲလို့မေးရင် လန့်သွားမယ် ယောင်းမရေ

နှမ်းထောင်းခေါပုတ် အိမ်မှာပဲ အလွယ်လုပ်စားကြည့်ရအောင်

နှမ်းထောင်းခေါပုတ် အိမ်မှာပဲ အလွယ်လုပ်စားကြည့်ရအောင်

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com