မင်းအောင်လှိုင် စိတ်ဓာတ်ပျက်ပြားနေကာ အာဏာဇာတ်ခုံက ထွက်ပြေးရန် ကြံနေပြီလော
Автор: Myanmar Now News
Загружено: 22 апр. 2025 г.
Просмотров: 128 314 просмотров
မင်းအောင်လှိုင် စိတ်ဓာတ်ပျက်ပြားနေကာ အာဏာဇာတ်ခုံက ထွက်ပြေးရန် ကြံနေပြီလော
—————
မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ကာကွယ်ရေးဦးစီးချုပ်များနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်များထဲတွင် မင်းအောင်လှိုင်သည် အရည်အချင်းအညံ့ဖျင်းဆုံး စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လွန်ခဲ့သော ၄နှစ်အတွင်း မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းရှေ့မှောက်တွင် မှတ်ကျောက်တင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ “မင်းအောင်လှိုင်သည် သူ၏ လက်ရှိအခြေအနေအပေါ် အတော်စိတ်ပျက်လက်ပျက် ဖြစ်နေပြီ” ဟု နေပြည်တော်မှ သတင်းစကားတစ်ခု ခပ်သဲ့သဲ့ ထွက်ပေါ်လာနေသည်။ နေပြည်တော်ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ၆ဦး နေထိုင်သော “၆လုံးတန်း” အငြိမ်းစားရပ်ကွက်တွင် ထပ်တိုး အိမ်တစ်လုံး အသင့်ဆောက်လုပ်ထားပြီး ဖြစ်သော မင်းအောင်လှိုင်သည် ၎င်းဖန်တီးခဲ့သော အရှုပ်အထွေးကြီးမှ ထွက်နိုင်ရန် ရွေးကောက်ပွဲကို မဖြစ် မနေလုပ်ပြီးလျှင် အနားယူမည်ဟုလည်း အသံထွက်ပေါ်နေသည်။
ထွက်ပေါ်လာသည့် ရပ်ကွက်မှာ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများနှင့် လက်ပွန်းတတီး ရှိလှသည်၊ သို့သော်လည်း ထိုအသံ၊ ထိုသတင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
စင်စစ် မင်းအောင်လှိုင်သည် စစ်ကိုင်းငလျင် မလှုပ်ခတ်မီ နာရီ ၂၀ ခန့် အလိုအထိ မတ်လ ၂၇ ရက်နေ့ ညနေ စစ်ရေးပြအခမ်းအနားတွင် စစ်မာန်အပြည့်ဖြင့် မိန့်ခွန်းပြောခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို လက်နက်ချရန် ပြောခဲ့သေးသည်။ ထို့ကြောင့် နေပြည်တော်မှ ထွက်ပေါ်လာသည့် “မင်းအောင်လှိုင် စိတ်ပျက်နေပြီ၊ ရွေးကောက်ပွဲပြီးလျှင် အနားယူတော့မည်” ဆိုသည့် ပြောဆိုချက်မှာ များစွာသံသယဖြစ်ဖွယ် ရှိနေပါသည်။
မင်းအောင်လှိုင်သည် ၎င်း၏အာဏာစက်ယန္တရားလည်ပတ်မှု ရပ်ဆိုင်းမသွားစေရန် ငလျင်ဒုက္ခသည် အရပ်ဖက်ဝန်ထမ်းများ မဖြစ်မနေ ရုံးတက်ရန် ဆက်တိုက်ဖိအားပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ရရှိရန်မှာ “မင်းအောင်လှိုင်အလွန်” နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှသာ ရရှိနိုင်ပါလိမ့်မည်ဖြစ်ကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
တင်ဆက် - ဟန်လင်း

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: