မြန်မာစစ်အစိုးရရဲ့ မြောက်ပိုင်းရှမ်းပြည်နယ်အောင်ပွဲများအပြီး နောက်ထပ်ထိုးစစ်တွေ ဘယ်ကို ဦးတည်မလဲ
Автор: The Article
Загружено: 2025-11-08
Просмотров: 6563
မြောက်ပိုင်းရှမ်းပြည်နယ်မှာ တရုတ်နယ်စပ်အထိ ခိုင်မာတဲ့စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်တည်ဆောက်ပြီးတဲ့နောက်မှာ စစ်အစိုးရဟာ မန္တလေးတိုင်းဒေသကြီးထဲက ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ပစ်မှတ်ထားနေပါတယ်။
မြောက်ပိုင်းရှမ်းပြည်နယ်မှာ ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ထားတဲ့ နယ်မြေအများအပြား ကျန်ရှိနေသေးပေမဲ့ စစ်အစိုးရရဲ့ နယ်မြေပြန်လည်သိမ်းပိုက်မှုတွေ ဆက်လုပ်နိုင်ခြေတော့ နည်းပါတယ်။မကြာသေးခင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒီသဘောတူညီချက်အရ TNLA ဟာ မြောက်ပိုင်းရှမ်းပြည်နယ်က မိုးမိတ်မြို့နဲ့ မြောက်ပိုင်းမန္တလေးက ကျောက်မျက်ရတနာထွက်ရှိရာ မိုးကုတ်မြို့တို့ကို စစ်အစိုးရလက်ထဲ ပြန်လည်ပေးအပ်ဖို့ သဘောတူခဲ့ပါတယ်။ဒီအပစ်အခတ်ရပ်စဲရေးက စစ်အစိုးရကို မြောက်ပိုင်းရှမ်းပြည်နယ်မှာ အနားယူအင်အားစုစည်းဖို့ အချိန်ပေးခဲ့ပြီး တပ်ဖွဲ့တွေနဲ့ စစ်အင်အားအရင်းအမြစ်တွေကို မန္တလေး၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်စတဲ့ ဆုံးရှုံးနယ်မြေတွေရှိတဲ့ တခြားစစ်မျက်နှာတွေဆီ#pdf #arakan #myanmarnews #news #china #khitthit #ရခိုင်သတင်းဆောင်းပါး #myanmar #mdy_pdf ##aa #myanmar #arakan #myanmarnews #podcast #china #kachin #khitthit #tnlatestnews #tnlatestnewstoday #mndaa ပြန်လည်နေရာချထားနိုင်ခဲ့ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: