Interview Thara Saw Ka Pi (2024.10.23)
Автор: Karen National Union -KNU
Загружено: 2024-10-23
Просмотров: 784
၁၇ ကြိမ်မြောက် ကွန်ဂရက်ပြီးသည့်နောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးမှ အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီအား ဖွဲ့စည်းခဲ့သည်။ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း (ကော်မတီဉက္ကဌ) နှင့် ကော်မတီအတွင်းရေးမှူး သရာစောကပီ တို့မှ ဦးဆောင်ပြီး အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီ လုပ်ငန်းဖြစ်သည့် ခရိုင်၊ မြို့နယ်ခေါင်းဆောင်များ၊ ဌာန၊ ဌာနခွဲများ၏ အုပ်ချုပ်မှုစွမ်းရည်များ မြှင့်တင်ခြင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေကို နားလည်ခြင်း၊ ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်းလုပ်ဆောင်မှု ပိုမိုအားကောင်းလာစေခြင်းတို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သော တတိယနှစ်မြောက် ပြုလုပ်သည့် ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေး နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းတွင် အုပ်ချုပ်မှုစွးရည်မြှင့်တင်ရေး ကော်မတီအတွင်းရေးမှူးဖြစ်သည့် သရာစောကပီမှ
"ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကော်သူးလေအစိုးရပဲဖြစ်တယ်။ အစိုးရတစ်ရပ်ရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံပြီးတော့ ပြည်သူကို စီမံအုပ်ချုပ်နိုင်တဲ့ ကျနော်တို့ မျှော်မှန်းတဲ့ ကော်သူးလေအစိုးရ ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါတယ်။"
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: