ချိန်ခွင်လျှာဘယ်ညာပြေး အလေးမခိုးကြေး - Chain Kwin Shar Bal Nyar Pyay A lay Ma Khoe Kyay Trailer
Автор: Saung Nya Pyar Tho - ဆောင်းညပြာသို Entertainment
Загружено: 2024-07-26
Просмотров: 6925
ချိန်ခွင်လျှာဘယ်ညာပြေး အလေးမခိုးကြေး - Chain Kwin Shar Bal Nyar Pyay A lay Ma Khoe Kyay Trailer
မိတစ်ဆိုးလေးမို့လို့ ငယ်ငယ်ထဲက အလိုလိုက်ထားတဲ့ ❝ထူးထူး❞ နဲ့ ❝သွန်းသွန်း❞ မောင်နှမနှစ်ယောက်ဟာ စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ ထူးခြားလွန်းပါတယ်။ ထူးထူးကတော့ ယောကျ်ားလေးပီပီ အိမ်အလုပ်စိတ်မဝင်စား၊ တစ်နေကုန် ဖုန်းနဲ့မျက်နှာ မခွာဘဲ ဂိမ်းဆော့ရင်းသာ အချိန်ကုန်လေ့ရှိပြီး သွန်းသွန်းကတော့ မိန်းကလေးသဘာဝ အလှအပ အသန့်အပြန့်ကြိုက်ကာ ပွစိပွစိ ပြောတတ်တဲ့ ကောင်မလေး တစ်ယောက်ပဲဖြစ်ပါတယ်။ သွန်းသွန်းမှာ အလှဖန်တီးရှင် ❝သုထက်အိန္ဒြေ❞ ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိပြီး မောင်ဖြစ်သူကို မျက်စိကျနေတာကြောင့် ❝သုသု❞ဟာ အစ်မဖြစ်သူနဲ့တည့်အောင်ပေါင်းကာ အမြဲတမ်း အလှပြင် ခေါင်းလျှော်ပေးလေ့ရှိပါတယ်။
တစ်ရက်မှာတော့ ထူးထူးနဲ့ သွန်းသွန်းတို့အဖေက ရိပ်သာဝင်သွားပြီး အမွေကိစ္စခွဲဖို့ ဦးလေးဖြစ်သူ ❝ဦးပုစိ❞ကို အိမ်သို့ လွှတ်လိုက်ပါတော့တယ်။ အဖေဖြစ်သူရဲ့ဆန္ဒကတော့ အမွေအားလုံးထဲမှာ အိမ်ကိုမခွဲဘဲ မောင်နှမနှစ်ယောက် အတူနေထိုင်ပြီး ကျန်တဲ့ပစ္စည်းများကို အိမ်ထောင်အရင်ကျသူကို ပေးမည်ဟု မှာကြားခဲ့ပါတယ်။ ဒီလိုနဲ့ ထူးထူးကလည်း ပိုက်ဆံတွေ ဂိမ်းရှုံးတိုင်း အကြွေးတင်နေတာကတစ်ဖက် သွန်းသွန်းကလည်း အလှပြင်ဆိုင်ဖွင့်ဖို့ ငွေလိုနေတာဆိုတော့ သူ့ထက်ငါအပြိုင် အမွေလုရန် ရည်းစားရှာဖို့ ကြိုးပမ်းကြပါတော့တယ်။
မောင်နှမနှစ်ယောက်ထဲမှာ ဘယ်သူက အရင်အိမ်ထောင်ကျမလဲ?
အမွေကိစ္စနဲ့ပက်သက်ပြီး ဖခင်ဖြစ်သူရဲ့ဆန္ဒပြည့်အောင် လုပ်ဆောင်နိုင်ပါ့မလား?
အချစ်စစ်နဲ့ရော တွေ့ဆုံနိုင်ပါ့မလားဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
မြန်မာရုပ်ရှင် ဇာတ်ကားကောင်းတွေကို ကြည့်ရှုဖို့ Saung Nya Pyar Tho - ဆောင်းညပြာသို Channel လေးကို Subscribe လုပ်ထားပေးနော်
_________________________________________
ရုပ်ရှင်ကို အစအဆုံး ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Saung Nya Pyar Tho - ဆောင်းညပြာသို ရဲ့ channel လေးကို Like and Subscribe လုပ်ပီး နောက်ထပ် video အသစ်တွေကို စောင့်မျှော်ကြည့်ရှုလို့ရပါပြီ ❤
#saungnyapyartho
#myanmarmovies
#myanmaractor
#myanmaractress
#film
#yoteshin
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: