နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-12-20
Просмотров: 857
သတင်းကောင်းသယ်ဆောင်လာခြင်း
https://myanmar-odb.org/2025/12/21/br...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ဟေရှာယအနာဂတ္တိကျမ်း ၅၂:၄-၁၀
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
သတင်းကောင်းသယ်ဆောင်လာခြင်း
ဟေရှာယအနာဂတ္တိကျမ်း ၅၂း၄-၁၀ တွင် ဘုရားသခင်သည် သူရွေးချယ်ထားသည့်လူမျိုးတော်တို့၏အတိတ်နှင့် ပစ္စုပ္ပန်၌ ကျွန်ပြုခံရခြင်းအကြောင်းကို ကိုးကားကာ တစ်ကိုယ်တည်းရေရွတ်မိန့်တော်မူခဲ့သည်။ သူတို့သည် တစ်ချိန်က အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ရပြီး၊ ဣသရေလပြည်၏မြောက်ပိုင်းနိုင်ငံတော်သည အာရှုရိလူမျိုးတို့၏ ကျွန်ပြုခြင်းကို ခံခဲ့ကြရသည်(၄)။ ထို့ပြင် ယုဒပြည်သည်လည်း ဗာဗုလုန်တို့၏ကျွန်ပြုမှုကို မကြာမီခံရတော့ မည်(၃၉း၆-၇)။သို့သော် အချိန်တန်လျှင် တိုင်းတစ်ပါး၏ကျွန်ပြုမှုမှ ၎င်းတို့ကို ရွေးနှုတ်ပြီး ယေရုရှလင်မြို့ကို ပြန်လည်တည်ထောင်မည်ဟု ဘုရားရှင် ကတိပြုခဲ့သည်(၁၁း၁၁၊ ၅၄း၁၁-၁၅)။ တမန်တို့သည် ရွေးနှုတ် ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဤသတင်းကောင်းကို ကြွေးကြော်ကြမည်(၅၂း၇-၁၀)။ “ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။ ....မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့”(၈၊ ၁၀)။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က အပြစ်ကျေးကျွန်များဖြစ်ကြပြီး၊ သခင်ယေရှုက သူ့အား ယုံကြည်သူ များကို လွှတ်မြောက်ခွင့်ပေးခဲ့သည်(ရောမဩဝါဒစာ ၆း၁၆-၁၈)။ ရှင်ပေါလုက ခရစ်တော်ကို ယုံကြည်သူများ ကယ်တင်ခြင်းသတင်းကောင်းကို မျှဝေရန် အားပေးသည့်အနေဖြင့် ရောမဩဝါဒစာ ၁၀း၁၅ တွင် ဟေရှာယအနာဂတ္တိကျမ်း ၅၂း၇ ကို ပြန်လည်ဖော်ပြခဲ့သည်။ “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်း၊ (ကယ်တင်ခြင်း)ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား”။
စာရေးသူ - K.T. Sim
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: