စစ်အာဏာသိမ်းတာ သစ္စာဖောက်တာပဲ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-08-24
Просмотров: 182156
ဧရာ၀တီ၊ ဩဂုတ် ၂၅၊ ၂၀၂၅
စစ်အာဏာသိမ်းတာဟာ အစိုးရနဲ့ လွှတ်တော်သာမက ပြည်ထောင်စုသားအချင်းချင်းအပေါ်လည်း သစ္စာဖောက်တာလို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ မြသွဲ့သွဲ့ခိုင်ခေါင်းကို ပစ်ခတ်ခံရတဲ့ နေ့မှာပဲ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီဖွဲ့ဖို့ ဖြစ်လာခဲ့တာလို့လည်း ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်လာတဲ့ ပအိုဝ်း မျိုးဆက်သစ်အင်အားစုတွေ ဖွဲ့စည်းထားတဲ့ PNFC ရဲ့ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပအိုဝ်းတွေရဲ့ နိုင်ငံရေးသမိုင်း၊ နွေဦးတော်လှန်ရေးမှာ ပအိုဝ်းတွေရဲ့ အခန်းကဏ္ဍ၊ ပအိုဝ်းပြည်သူ့စစ်တွေအပေါ် သဘောထား၊ ဖယ်ဒရယ်ပြည်ထောင်စုမှာ ပအိုဝ်းပြည်နယ်ပါဝင်ပေါ်ထွန်းရေးတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
#ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC #ခွန်မြင့်ထွန်း #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO #ဧရာ၀တီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: