ကော့ဘိန်းတိုက်ပွဲက စစ်သုံ့ပန်းများ
Автор: MizzimaTV
Загружено: 2024-04-06
Просмотров: 1533236
စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားခြင်းစာနာထောက်ထားမှုဖြင့် ကောင်းမွန်စွာထိန်းသိမ်းထားဟု ဂဠုန်စစ်ကြောင်းက တာဝန်ရှိသူတွေပြော
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်ဖြစ်သည့် ကော့ကရိတ်ခရိုင် ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို ကရင်လက်နက်ကိုင်၊မွန်လက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်၂၃ဦး အပါအဝင် ၎င်းတို့ရဲ့မိသားစုဝင် ၁၉ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ၂၅ရက်နေ့ ကော့ဘိန်းရဲစခန်းတိုက်ပွဲမှာ ဖမ်းဆည်းရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်အောက်ခံ ဂဠုန်စစ်ကြောင်းက လူသားခြင်းစာနာထောက်ထားမှုဖြင့် ကောင်းမွန်စွာထိန်းသိမ်းထားပါတယ်။
စစ်ကောင်စီကလေကြောင်းရော မြေပြင်စစ်ကြောင်းကပါ ခုခံတိုက်ခိုက်ခဲ့သလို ဂျိုင်းမြစ်ထဲက စစ်သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ရက်ကြာထိုးစစ်ဆင် တိုက်ခိုက်ပြီးတဲ့နောက် မတ်လ၂၅ရက်နေ့ မွန်းလွဲ၂နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ဘိန်းကျေးရွာနဲ့ ဓမ္မသကျေးရွာက နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ခဲ့လဲ၊ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ် မိသားစုဝင်တွေကို မည်ကဲ့သို့ မထိခိုက်အောင် ထိန်းသိမ်းပစ်ခတ်ရတာလဲဆိုတာကို ဂဠုန်စစ်ကြောင်းက တာဝန်ရှိသူတွေနဲ့ မဇ္ဈိမသတင်းထောက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#ကရင်ပြည်နယ်
#ကော့ကရိတ်ခရိုင်
#စစ်သုံ့ပန်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language
/ mizzimadaily
Facebook | English language
/ mizzimamyanmarnews
Facebook | Mizzima+TV
/ mizzimaplustv
Twitter
/ mizzimanews
Telegram
https://t.me/mizzimatv
Sportify
https://open.spotify.com/show/0JqldUl...
Get Mizzima TV App Free
http://onelink.to/jnuwak
Website :
https://bur.mizzima.com
https://eng.mizzima.com
https://www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: