သင်အရှုံးမပေး သရွေ့ - Can't Hurt Me.mp4
Автор: Burma Libray
Загружено: 2025-07-20
Просмотров: 6337
Can't Hurt Meစာအုပ်ဟာ အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်ဟောင်း David Goggins ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ လောကဓံကို ရင်ဆိုင်ပုံတွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Goggins ဟာ လက်လျှော့အရှုံးပေးချင်စိတ် ပေါ်လာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆူဆဲမာန်မဲပြီး၊ အားနည်းချက်တွေကို ပြင်ဆင်နိုင်အောင် နာကျင်မှုတွေ ကြား ထဲကနေ မဆုတ်မနစ် ကြိုးစားတတ်တဲ့ လူတစ်ယောက်ပါ။ ဒီစာအုပ်မှာ Goggins ဟာ သူ့ဘဝတစ်လျှောက် ကြုံတွေ့ခံစားခဲ့ရတဲ့ ခက်ခဲမှုတွေကိုရော၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မောင်းနှင်မှု နည်းဗျူဟာတွေကိုပါ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားတာကို ဖတ်ရှုလေ့လာကြရမှာ ဖြစ်ပါတယ်။
စာရေးသူ
စာရေးသူ David Goggins ဟာ Navy SEAL ရဲ့ အငြိမ်းစားတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ မာရသွန်ပြိုင်ပွဲ, စက်ဘီးစီးပြိုင်ပွဲနဲ့ အကြမ်းခံအားကစားနည်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူဟာ အီရတ်စစ်ပွဲအတွက် တာဝန်ထမ်းခဲ့သလို စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်ပေါင်းများစွာကိုလဲ ရရှိခဲ့သူလဲ ဖြစ်ပါတယ်။
#burmalibrary
#myanmaraudiobooks
#စာအုပ်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: