ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ရဝေအောင် နှင့် နိုင်ငံကျော်ဟာသ ခြင်းမင်းသား ကိုရဲမာန် PK Chinlone Vlog
Автор: PK Chinlone Vlog
Загружено: 2022-05-15
Просмотров: 53174
😍အားလုံးပဲ မင်္ဂလာပါ🙏
ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ရဝေအောင် နှင့် နိုင်ငံကျော်ဟာသ ခြင်းမင်းသား ကိုရဲမာန် PK Chinlone
ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ရဝေအောင် နှင့် နိုင်ငံကျော်ဟာသခြင်းမင်းသား ကိုရဲမာန် တို့ ခြင်းလုံးချစ်ညီကိုများ ခတ်ကစားထားတဲ့ပွဲလေးပါ @PKChinloneVlog
ကျွန်တော်တို့ ဝါသနာရှင် ညီကိုများနဲ့ အခုလို မိတ်ဖြစ်ဆွေဖြစ် မအားတဲ့ကြားကနေ ဝင်ရောက်ခတ်ကစားပေးတဲ့ ကိုရဲမာန် နဲ့ ညီလေး ရဝေအောင်တို့ကိုလဲ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ
ပွဲလေးတင်ပေးဖို့တော့ အတော်ကြာသွားလို့ ခွင့်လွှတ်ပါဗျာ🙏
အမြင်လွယ်ပြီး ခက်ခဲနက်နဲလှတဲ့ မြန်မာရိုးရာခြင်းလုံးအားကစား
ခြင်းလောကထဲကို ရောက်တာ မကြာသေးတဲ့ ကျွန်တော်တို့ကို ခြင်းပညာဗဟုသုတများ လက်ဆင့်ကမ်းမျှဝေပေးခဲ့တဲ့ ကိုရဲမာန် ခြင်းပေါက်များ သိလိုတာများကိုလဲ စေတနာပါပါ သင်ပေးခဲ့တဲ့ ကိုရဲမာန် နဲ့ ညီလေး ရဝေအောင်ကို အထူးပင်ကျေးဇူးတင်ပါတယ် နောက်ပွဲလေးတွေမှာ ဆုံချင်ပါသေးတယ် ညီကိုတို့
ကျွန်တော် အကိုနဲ့ ညီလေးတွေကို ခြင်းပွဲလေးများ ဖိတ်ကြားချင်ရင်ပဲ ဖြစ်ဖြစ် စာချန်ပေးခဲ့ပါနော်
ဖုန်းနံပတ်ပို့ပေးပါ့မယ် ခင်ဗျာ
မြန်မာရိုးရာခြင်းကို လေးစားတန်ဖိုးထားသူတိုင်း ပွဲဖြစ်မြောက်အောင်လုပ်ပေးနိုင်သူများကိုလဲ လေးစားတန်ဖိုးထားလျှက်ပါ ခြင်းပွဲလေးတွေ ဖြစ်မှလဲ မြန်မာရိုးရာခြင်းလုံးအားကစားကို လူငယ်များစိတ်ဝင်စားလာပြီး ကြိုးစားအားထုတ်မှ ခြင်းပညာတိုးတက်စေမှာပါ🙏
မြန်မာရိုးရာခြင်းလုံးပွဲများကို ပြန်လည်ပြီး တင်ဆက်ပေးနေပါပြီ❤
ခြင်းပညာရှင်ပွဲများ ခြင်းမင်းသားပွဲများကို ရိုက်ကူးတင်ဆက်ပေးနေပါတယ်😍
မြန်မာရိုးရာခြင်းပွဲများကို အများသိစေရန် နှင့် ပြန့်ပွားစေရန် ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက်ပေးနေပါတယ်🙏🎬
ခြင်းပွဲလေးများ မရှိလို့ ရိုက်ကူးတင်ဆက်ပေးဖို့ အဆင်မပြေတဲ့အချိန်လေးများ မှာတော့ ကျွန်တော်တို့ ဝါသနာရှင် ညီကိုများ ခြင်းလုံးချစ်သူညီကိုများ အပျော်ချွေးထွက် ခတ်ကစားတဲ့ ဝိုင်းလေးတွေကို ဖော်ဖြေရေးသဘော ချစ်ကြည်ရေးသဘောနဲ့ တင်ဆက်ပေးပါမယ်😁😍🙏
အမှားများ အဆင်မပြေတာများ ရှိရင်လဲ ကြိုတင်ပြီး တောင်းပန်အပ်ပါတယ် 🙏😁😍
စေတနာဖြင့် ဝေဖန်အကြံပြု ပေးပါအူး ခင်ဗျာ🙏🙏🙏
ခြင်းလုံးချစ်သူ ညီကိုများနှင့် ကြည့်ရှု့ပေးသူ တစ်ဦးတစ်ရောက်ချင်းစီတိုင်းကို လေးစားလျှက်ပါ🙏
မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာကျပါစေ🙏
ကြိုးစားပါအူးမည်🙏❤
PK Chinlone 🎬
#pkchinlone
#ဝိုင်းခြင်း
#sports
#pkchinlonevlog
#pkvlog #chinlone
#traditionalgame
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: