ရိုဟင်ဂျာတွေအတွက် ICJ က ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပေးဖို့ ဂမ်ဘီယာတောင်းဆို
Автор: Myanmar Now News
Загружено: 2026-01-13
Просмотров: 321762
လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ICJ က ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပေးဖို့ ဂမ်ဘီယာတောင်းဆို
----------------------
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအတွင်း လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ရုံးတော်က ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုခဲ့တဲ့ ကြားနာမှုတစ်ရပ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့ကစပြီး ပြုလုပ်ခဲ့ပါတယ်။
တရားရုံးရဲ့ ယာယီဥက္ကဋ္ဌ ဂျပန်လူမျိုးတရားသူကြီး ယူဂျီ အီဝါဆာဝါက ဒီအမှုဟာ ကျူးလွန်ခံရသူတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ အရေးကြီးဆုံးအဆင့်ဖြစ်တယ်လို့ ကြေညာပြီး ကြားနာမှုကို စတင်ခဲ့ပါတယ်။
အဲဒီနောက် ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က လက်ရှိပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုဟာ ကျူးလွန်ခံရသူတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ သာမန်စစ်ဆင်ရေးထက် ကျော်လွန်နေပြီး၊ ရိုဟင်ဂျာတွေကို မြန်မာ့မြေပေါ်ကနေ လုံးဝကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ICJ တရားရုံးအနေနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်က ရပ်တည်ပေးဖို့ တိုက်တွန်းကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံဖိုနဲ့ ကျူးလွန်ခံရသူတွေအတွက် လျော်ကြေးနဲ့ တရားမျှတမှု ရရှိရေးတို့ကို လျှောက်လဲသွားပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: