🟦ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိ
Автор: The Matupi Times
Загружено: 2025-01-30
Просмотров: 519559
🟦ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်
----
The Matupi Times ၊ ဇန်နဝါရီ၊ ၃၁ ၊ ၂၀၂၅ ။
'ချင်းညီနောင်' ဖော်ဆောင်နေတဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကူအဖြင့်ပို့ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ ရုပ်သံဖိုင်အား ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ္။
ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းက ကလေးမြို့ကနေ စစ်ကူအဖြစ်ဖလမ်းမြို့ကို ပို့ဆောင်ခံရတဲ့သူတွေဖြစ်တယ်လို့ ရုပ်သံဖိုင်မှာပြောဆိုကြပါတယ္။ ဖလမ်းမြို့တိုက်ပွဲအတွင်းမှာ လေယဉ်နဲ့ပြန်လာခေါမယ္လို့ကတိပေးပြောဆိုပေမယ့် တကယ်လာမကြိုလို့ အဖွဲ့သားတွေက စစ်ကောင်စီအားစိတ်နာနေကြောင်း ၊ စာနပ်ရိက္ခာချပေးရန်တောင်းဆိုခဲ့ပေမယ့် " မင်းတို့အတွက်နဲ့ ငါ့လေယာဉ်အဆုံးရှုံးမခံနိုင်ဘူးဟု ပြောဆိုကြောင်း " ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ္။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က ကြေညာခဲ့ပြီး ၂ လကျော်အကြာမှာ နောက်ဆုံး ခလရ ၂၆၈ တပ်ကုန်းစခန်းတခု ကျန်ရှိနေသေးကြောင်းသိရသည်။
#The_Matupi_Times
#chinbrotherhood #falm #matupitimesnews #news #chinnews #စစ်ကောင်စီ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: