တောင်ပြုံး - မာမာအေး
Автор: သုံးရွေ့လယ်
Загружено: 2025-08-01
Просмотров: 5190
တောင်ပြုံးပွဲတော်ကြီး ရောက်ခါနီးပြီဆိုတာနဲ့ ကျွန်တော်အခုတင်ဆက်ပေးမယ့်သီချင်းကို အထူးရည်ညွှန်းနေစရာ မလိုလောက်အောင် အများကလဲသိပြီးဖြစ်ကြမယ် ထင်ပါတယ်ခင်ဗျာ။ မှန်ပါတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ ဂန္တဝင်တေးလက်ရာတပုဒ်ဖြစ်တဲ့ " တောင်ပြုံး " သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းကို နန်းတော်ရှေ့ဆရာတင်က တောင်ပြုံးကိုယ်တော်နှစ်ပါးရဲ့ အိပ်မက်ပေးမှုအရ ရေးစပ်ဖြစ်ခဲ့တယ်လို့ မင်းသားကြီးရွှေနန်းတင်၏ ပြောကြားချက်မှ မှတ်သားရပါတယ်။ ရှေးအခါက တောင်ပြုံးပွဲတော်သွား လူငယ်တို့ရဲ့သဘာဝကို အမိအရဖော်ကျူးထားသော သီချင်းကောင်းတပုဒ်ပဲဖြစ်ပါတယ်။ တောင်ပြုံးပွဲတော်သွား လုံမငယ်လေးတဦးကို လူပျိုကာလသားများတသိုက်က ဝိုင်းဝန်းပိုးပန်း စနောက်ကြပုံ၊ အပျိုအရွယ်လုံမငယ်လေး၏ ရှက်သွေးကြွရပုံလေးများက တောင်ပြုံးပွဲတော်ကြီး၏ ချစ်စဖွယ်ဓလေ့ကို အထူးပေါ်လွင်ထင်ရှားနေစေပါတယ်။ တဖန် ဆက်၍ စနောက်မှုလွန်ကဲခြင်းကြောင့် စိတ်ကျဉ်းကြပ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြန်ပြောပုံလေးများ၊ လူပျိုကာလသားများဘက်ကလဲ ပွဲတော်လာလူငယ်များ၏ ထုံးစံမို့စိတ်မဆိုးရန်ပြန်ချော့ပုံလေးများက မောင်ရင်းနှမသဖွယ်လေးစားချစ်ခင်မှုကိုပြသော မြန်မာတို့၏စရိုက်လက္ခဏာကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ပါတယ်။ တောင်ပြုံးသီချင်းကို အမေမာမာအေးမှ ၁၉၈၆တွင်တကြိမ်၊ ၁၉၉၃တွင်တကြိမ်၊ ၁၉၉၇တွင်တကြိမ် ၃ကြိမ်တိတိပြန်လည်သီဆိုခဲ့ပါတယ်။ ယခုတင်ဆက်မယ့် version ကတော့ ၁၉၈၆ မြို့မဧည့်ခံတေးအမှတ်( ၁ )စီးရီးတွင် ပထမဆုံးအကြိမ်အဖြစ်သီဆိုခဲ့သော version ပဲဖြစ်ပါတယ်။ မြန်မာ့ဓလေ့စရိုက်များထုံမွှန်းနေသော တောင်ပြုံးသီချင်းကို ယနေ့ခေတ်လူငယ်များပြန်လည်ခံစားနားဆင်နိုင်ရန် သုံးရွေ့လယ်မှ တင်ဆက်ပေးလိုက်ရပါတော့တယ်။
Admin Too🌿
( တောင်ပြုံးပွဲတော်ပုံရိပ် Video footagကိုအသုံးပြုခွင့်ပေးသော ညီလေးဝေပိုင်အား သုံးရွေ့လယ်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခဗျာ )
#သုံးရွေ့လယ်
#ရည်ညွှန်းသံချိုဂန္ထဝင်ဆို
#မာမာအေး #နန်းတော်ရှေ့ဆရာတင်
#မြန်မာဂန္ထဝင်သီချင်း
#တောင်ပြုံးပွဲတော်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: