Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

သီတာယုမွန်ဦးဆောင်တဲ့ အင်အားထောင်ချီစစ်ကြောင်းတွေနဲ့ မြင်းခြံ PDF တွေ ၁၃ရက်ကြာ တိုက်ပွဲ

Автор: Myaelatt Athan

Загружено: 2025-08-12

Просмотров: 192103

Описание:

သီတာယုမွန်ဦးဆောင်တဲ့ အင်အားထောင်ချီစစ်ကြောင်းတွေနဲ့ မြင်းခြံ PDF တွေ ၁၃ရက်ကြာ တိုက်ပွဲဖြစ်ပြီး စခန်း ၅ ခု ထက်မနည်း လက်လွှတ်ထားရ

မြင်းခြံ၊ ဩဂုတ် ၁၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အရှေ့နဲ့အရှေ့တောင်ဘက်က ကျေးရွာတွေအနီးမှာ စစ်ကော်မရှင်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ ၁၃ ရက်ကြာတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ စခန်း ၅ ခုထက်မနည်း လက်လွှတ်ထားရတယ်လို့ Myingyan Black Tiger MBT တပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က စတင်ကာ မြင်းခြံပျူစောထီးတပ်ဖွဲ့ခေါင်းဆောင် သီတာယုမွန် ဦးဆောင်လာတဲ့ အင်အား ၇၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ မြင်းခြံမြို့နယ်အတွင်းကို စစ်ကြောင်းထိုးရာကနေ MBT အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ သြဂုတ် ၁၂ ရက် မနေ့ကအထိ ၁၃ ရက်ကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာလို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲကပြောပါတယ်။

အင်တာဗျူး - "နေရာအနှံ့မှာ ဖြစ်ပွားခဲ့တာ။ ကျနော်တို့ဘက်က ခဲယမ်းပြတ်တောက်မှုကြောင့်ယာယီပြန်ဆုတ်ပေးထားရတယ်။ ကျနော်တို့ဘက်က စစ်ကောင်စီရဲ့တပ်ဦးကို နှစ်ကြိမ် နောက်ဆုံးရက်တကြိမ် သုံးကြိမ်တိတိလှန်အောင်ချိုးနိုင်ခဲ့တယ်။ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းထားတာရှိတယ်။ ကျနော်တို့ဘက်ကလည်း ရဲဘော်တွေကျဆုံးတာထိခိုက်တာရှိတယ်"

ဩဂုတ် ၁၀ ရက်အထိ တိုက်ပွဲတွေအတွင်းမှာ သမုန်းကိုင်း၊ ကံဆင့်မြောက်၊ ဗလုံရွာတွေအနီးက MBT တပ်ဖွဲ့ရဲ့ စခန်းနေရာ ၃ ခု၊ စစ်ကြောင်း ၅ တပ်ဖွဲ့ စခန်းနေရာ ၁ ခုနဲ့ နတ်ထားနဲ့စံပြကျေးရွာတွေအနီးက ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စခန်း ၂ ခု စုစုပေါင်း စခန်း ၆ ခု သိမ်းပိုက်ခံခဲ့ရပြီး အထူးကွန်မန်ဒိုစစ်ကြောင်းက တပ်စိတ်မှူး ဝန၊ ဒု- တပ်စိပ်မူး ကျွဲကြီး၊ တပ်ဖွဲ့ဝင် ဇော်ကြီး၊ Black Shar နဲ့ စစ်ကြောင်း ၅ က တပ်ဖွဲ့ဝင် ကိုဖက် တို့ တိုက်ပွဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူ အဆက်မပြတ် သုံးပြီး တိုက်ခိုက်တာကြောင့် စခန်းတွေကို လက်လွှတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဘက်ကလည်း တိုက်ပွဲတွင်းသေဆုံးသူများပြားခဲ့ပြီး ၁၁ ရက်အတွင်း ၇၀ ဦး ထက်မနည်းသေဆုံး၊ လူရာနဲ့ချီဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သူက ပြောပါတယ်။

" တိုက်ပွဲတွေက ၁၂ ရက်လုံးလုံး ဒီနေ့ထိ ဆက်တိုက်ဖြစ်နေတာ။ ပစ်လိုက်နားသွားလိုက်မဟုတ်ဘူး။ တိုးလိုက်ဖြစ်လိုက်။ သူဘက်ကတိုးလိုက်။ ကိုယ်ဘက်ကပြန်ထိုးလိုက်ဖြစ်နေတာ။ တိုက်ပွဲအကြိမ်ရေဆိုတာက ရှေ့မှာဘက်တယ် တည်ထားတာဆိုတော့ အကြိမ်ရေနဲ့ဆိုပြောလို့မရတော့ဘူး"

ဩဂုတ် ၁၂ ရက် ယမန်နေ့မနက် ၉ နာရီကျော်မှာ စစ်အင်အားထပ်မံဖြည့်တင်းပြီး စစ်ကော်မရှင် တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းဆက်ထိုးလာလို့ ကံဆင်တောင်ရွာအနီးတိုက်ပွဲတွေ ဆက်လက်ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

တိုက်ပွဲကြောင့် မြင်းခြံမြို့နယ် နတ်ထား၊ သမုန်ကိုင်း၊ ကျောက်ယံ၊ ကံဆင်၊ ဗလုံ၊ ဖုန်ရွာ၊ ဖောင်းကား၊ တံစိုး၊ ညောင်ပင်၊ ရသာ ကျေးရွာတွေအပါ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

သီတာယုမွန်ဦးဆောင်တဲ့ စစ်ကြောင်းတွေဟာ ဒီကနေ့ ဩဂုတ် ၁၂ ရက်အထိ မြင်းခြံနယ်အရှေ့ဘက်နဲ့အရှေ့ တောင်ဘက်က ကျေးရွာတွေဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေသေးတာကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ တည်းဖြတ် - HP

#မြေလတ်အသံ⁩
#မန္တလေး #မြင်းခြံ #စစ်ကော်မရှင်တပ် #PDF #တိုက်ပွဲ

သီတာယုမွန်ဦးဆောင်တဲ့ အင်အားထောင်ချီစစ်ကြောင်းတွေနဲ့ မြင်းခြံ PDF တွေ ၁၃ရက်ကြာ တိုက်ပွဲ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

BO Mike Khal [MBT] Takes on Thida Yu Mon in Epic Showdown!

BO Mike Khal [MBT] Takes on Thida Yu Mon in Epic Showdown!

MPA နေ့လယ် ၁၂ နာရီသတင်း (၁၄ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

MPA နေ့လယ် ၁၂ နာရီသတင်း (၁၄ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

U.S. Tracks Online Scam Calls, Traced Back to Myanmar’s Naypyidaw

U.S. Tracks Online Scam Calls, Traced Back to Myanmar’s Naypyidaw

🔥В Москве НАЧАЛАСЬ ЖАРА! МАССОВЫЙ НАЛЕТ дронов: россияне ВОЮТ! Такой ПАНИКИ еще НЕ БЫЛО @ВОТЧТО

🔥В Москве НАЧАЛАСЬ ЖАРА! МАССОВЫЙ НАЛЕТ дронов: россияне ВОЮТ! Такой ПАНИКИ еще НЕ БЫЛО @ВОТЧТО

⚡️Всё! Путин СЛИЛ переговоры. Трампа ПРОГНУЛИ на сдачу США и Украины. РАЗНЕСЛИ ТАКОЕ в РФ. ЦИМБАЛЮК

⚡️Всё! Путин СЛИЛ переговоры. Трампа ПРОГНУЛИ на сдачу США и Украины. РАЗНЕСЛИ ТАКОЕ в РФ. ЦИМБАЛЮК

ဒီဇင်ဘာလ(၁၄)ရက်နေ့ သတင်းများ

ဒီဇင်ဘာလ(၁၄)ရက်နေ့ သတင်းများ

PDF ပူးပေါင်းတပ်ကို ဒူးထောက်လိုက်ရတဲ့တပ်မ(၃၃) | People's Spring

PDF ပူးပေါင်းတပ်ကို ဒူးထောက်လိုက်ရတဲ့တပ်မ(၃၃) | People's Spring

မြင်းခြံ ဗိုလ်မိုက်ခဲတို့ ဆော်ပြန်ပြီ

မြင်းခြံ ဗိုလ်မိုက်ခဲတို့ ဆော်ပြန်ပြီ

Khit Thit Media သတင်းဌာန (14/12/2025) ညနေ (၂) နာရီ အထူးအရေးပေါ်သတင်း

Khit Thit Media သတင်းဌာန (14/12/2025) ညနေ (၂) နာရီ အထူးအရေးပေါ်သတင်း

ရေစကြိုမြို့တွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ရုံးပေါင်းစုံကို MBT အဖွဲ့ တိုက်ခိုက်

ရေစကြိုမြို့တွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ရုံးပေါင်းစုံကို MBT အဖွဲ့ တိုက်ခိုက်

နွားထိုးကြီးတိုက်ပွဲ နောက်ကွယ် - ယာယီရင်းမှူးစိုးအောင် နှင့်တွေ့ဆုံခြင်း

နွားထိုးကြီးတိုက်ပွဲ နောက်ကွယ် - ယာယီရင်းမှူးစိုးအောင် နှင့်တွေ့ဆုံခြင်း

မြင်းခြံနယ်မှာ ပျူစောထီးတွေကို ဦးဆောင်နေတဲ့ သီတာယုမွန် ဆိုတာ ဘယ်ကနေ ဖြစ်လာတာလဲ . . .

မြင်းခြံနယ်မှာ ပျူစောထီးတွေကို ဦးဆောင်နေတဲ့ သီတာယုမွန် ဆိုတာ ဘယ်ကနေ ဖြစ်လာတာလဲ . . .

စကစ ၁၂ ရက်တိုက်ယူထားတဲ့နေရာကို ကျွန်တော် ၂ရက်နဲ့ပြန်တိုက်ပြမယ်

စကစ ၁၂ ရက်တိုက်ယူထားတဲ့နေရာကို ကျွန်တော် ၂ရက်နဲ့ပြန်တိုက်ပြမယ်

🤯В Кремле ПОСЛАЛИ Трампа! Путин СЛИЛ ПЕРЕГОВОРЫ. США СДАЮТ Украину у всех на глазах? ЦИМБАЛЮК

🤯В Кремле ПОСЛАЛИ Трампа! Путин СЛИЛ ПЕРЕГОВОРЫ. США СДАЮТ Украину у всех на глазах? ЦИМБАЛЮК

မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်အဖွဲ့တိုက်ခိုက်ခံရ

မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်အဖွဲ့တိုက်ခိုက်ခံရ

🔴 Сидеть и МОЛЧАТЬ! РФ выдавили из мирного процесса по Украине

🔴 Сидеть и МОЛЧАТЬ! РФ выдавили из мирного процесса по Украине

ပြည်သူကို အရှင်လတ်လတ် လည်လှီးသတ်ခဲ့ကြောင်း ပျူစောထီးခေါင်းဆောင်ဝန်ခံလိုက်ပြီ

ပြည်သူကို အရှင်လတ်လတ် လည်လှီးသတ်ခဲ့ကြောင်း ပျူစောထီးခေါင်းဆောင်ဝန်ခံလိုက်ပြီ

Bo Paing Chall's EPIC Triumph Over Junta's Battalion 33 In Kanbalu!

Bo Paing Chall's EPIC Triumph Over Junta's Battalion 33 In Kanbalu!

မြင်းခြံပြည်သူစစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်က မိုက်ခဲနဲ့စိုးအောင်ကိုဘယ်လိုမျိုးသတိပေးလိုက်သလဲ

မြင်းခြံပြည်သူစစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်က မိုက်ခဲနဲ့စိုးအောင်ကိုဘယ်လိုမျိုးသတိပေးလိုက်သလဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]