Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

သေနတ်ဖြင့်ပစ်ခံရတဲ့ထိုင်းရဲအရာရှိကို ကျူးလွန်သူ​တွေရဲ့မိသားစုဝင်​နဲ့မိတ်​ဆွေ​တွေသွား​ရောက်​တောင်းပန်

Автор: People's Spring

Загружено: 2026-01-26

Просмотров: 10584

Описание:

သေနတ်ဖြင့်ပစ်ခံရတဲ့ထိုင်းရဲအရာရှိကို ကျူးလွန်သူ​တွေရဲ့မိသားစုဝင်​နဲ့မိတ်​ဆွေ​တွေသွား​ရောက်​တောင်းပန်

■ထိုင်းရဲအရာရှိကခွင့်လွှတ်​နားလည်ကြောင်း​ပြော

ဇန်ဝါရီ-၂၆၊၂၀၂၆။သတိုး/Peiople's Spring

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲတပ်ကြီးကို‌ ကျူးလွန်ခဲ့တဲ့ PDF ရဲ​ဘော်​ဟောင်း​တွေရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက သွားရောက်တောင်းပန်ရာ ထိုင်းရဲအရာရှိကခွင့်လွှတ်ကြောင်းပြောခဲ့ပါတယ်။

"ရဲအရာရှိမိသားစုမှလည်း အပြစ်တွေကိုတွေခွင့်လွှတ်ကြောင်း ပြန်ပြောပါတယ်ခင်ဗျ။တမင်ရည်ရွယ်ချက်ရှိရှိ မှားတာမဟုတ်ကြောင်းကိုလည်း သူနားလည်ကြောင်းပြောပါတယ်။" လို့ သွားရောက်တောင်းပန်ရာမှာပါဝင်တဲ့ ကော်ဘရာစစ်​ကြောင်းကရဲဘော်ဟောင်း ကိုလပြည့်ကပြောပါတယ်။

ထိုင်းရဲကို သေနတ်နဲ့ပစ်ခဲ့တဲ့ ​ကော်ဘရာစစ်​ကြောင်းကရဲ​ဘော်​ဟောင်း နဂါးကြီး နဲ စိုးကြီးတို့ ရဲ့ မိသားစုတွေနဲ့ အတူ ကော်ဘရာစစ်ကြောင်းက ရဲဘော်ဟောင်းသူငယ်ချင်းတွေကဒီကနေ့(ဇန်နဝါ
ရီ ၂၆)မှာသွားရောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံကနေလာတဲ့သူတိုင်းက အခက်အခဲနဲ့လာကြတယ်။ မိဘတွေကို ပိုက်ဆံပေးချင်လို့လာကြတယ်ဆိုတာသူနားလည်တယ်။ သူ့ကိုပစ်လိုက်တဲ့အပေါ်မှာ အမှုကဘယ်လောက်ကျမယ်ဆိုတာတော့သူမသိဘူး။ ဒါပေမယ့် သူ့ကိုပစ်ခတ်တဲ့အပေါ်မှာတော့ ခွင့်လွှတ်ပေးတယ်။" လို့ ထိုင်းရဲက သွားရောင်းတောင်းပန်သူတွေကို ဘာသာပြန်ကတဆင့် ပြောပါတယ်။

သွားရောက်တောင်းပန်ရာမှာပါဝင်သူ Alice Honeyအကောင့်ပိုင်ရှင်ကလည်း ထိုင်းရဲတပ်ကြပ်ကြီးက တရားခံကိုလည်း သူခွင့်လွှတ်ပါတယ်၊ ​ငွေမရှိလို့လုပ်မိတာကိုလဲ သိရပါတယ်၊ တရားဥပဒေအရရင်ဆိုင်ပြီး ပြန်လွှတ်လာတဲ့အခါမှာလည်းကောင်းရောင်းကောင်းဝယ်လုပ်စားဖို့ပဲ အကြံပေးချင်ပါတယ်လို့ ​ပြောကြားလိုက်တယ်လို့​ဖေစ်ဘွခ်မှာရေးသားထားပါတယ်။အ​ကောင့်ပိုင်ရှင်က​ ရဲတပ်ကြပ်ကြီးအတွက် ​အခင်းဖြစ်ပြီး​နောက်ရက်မှာ သွေးသွား​ရောက်လှူဒါန်း​ပေးခဲ့​ပေးပါ​သေးတယ် ။

နဂါးကြီး ၊စိုးကြီးရဲ့ မိသားစုဝင်​တွေနဲ့ မိတ်​ဆွေ​တွေက စကားပြန်ကတဆင့် ​တောင်းပန်းခဲ့ကြပြီး ထိုင်းရဲအရာရှိကလည်း စကားပြန်ကတဆင့်​ပြောခဲ့ကြတာဖြစ်ပါတယ် ။ ရဲတပ်ကြပ်ကြီးက ​ဆေးရုံကဆင်းရင် နဂါးကြီး နဲ့ စိုးကြီး ဆီကိုသွားမယ်လို့​ပြောတယ်လို့သွား​ရောက်​တောင်းပန်တာမှာကိုယ်
တိုင်ပါဝင်ခဲ့တဲ့ကိုလပြည့်က​ပြောပါတယ်။

"လူသားဆန်မှုတွေကို ကျနော်တို့ကိုယ်တိုင်တွေ့မြင်လိုက်ရတာမို့ မျက်ရည်ပင်ကျမိပါတယ်။ ခုလိုနားလည်ခွင့်လွတ်ပေးတဲ့ ရဲအရာရှိတို့မိသားစုကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်းလည်း ပြောကြားချင်ပါတယ်ခင်ဗျ"လို့
ကိုလပြည့်က People's Spring ကို​ပြောပါတယ်။

ထိုင်းရဲကို မြန်မာလူငယ်နှစ်ဦးက ဇန်နဝါရီ ၂၀ ရက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်ဦးကိုနေရာမှာတင် ဖမ်းဆီးနိုင်ခဲ့သလို အခြားတစ်ဦးကလည်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောဆီမှာ အဖမ်းခံခဲ့တာကြောင့် ထိုင်းအာဏာပိုင်ထံ ဇန်နဝါရီ ၂၂ ရက်မှာ အပ်နှံပေးခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းရဲက သေနတ်သယ်လာတယ်လို့ သတင်းရတာကြောင့် စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီ့နေရာက 7/11စတိုးဆိုင်နဲ့လည်းနီးတာကြောင့် လုယက်မှု ၊ ပစ်ခတ်မှုတွေ ဖြစ်မှာစိုးတာကြောင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သေနတ်နဲ့ပစ်သူတွေရဲ့ အခြေ
အနေကို နားလည်ကြောင်းနဲ့ သူ့အနေနဲ့ ခွင့်လွှတ်ကြောင်း ထိုင်းရဲက ပြောခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူနှစ်ဦးဟာ ကော်ဘရာစစ်
ကြောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေဖြစ်ပြီး လက်ရှိမှာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေတာပါ။နှစ်ဦးစလုံး ပန်းရံအလုပ် လုပ်ကိုင်ကြပေမယ့် လုပ်ခလစာမရှင်းပေးတာကြောင့် သေနတ်သယ်ပေးတဲ့ အလုပ်ကို တစ်ဦး ဘတ်၂၅၀၀ နဲ့ လက်ခံခဲ့တာလို့သိရပါတယ်။ကျူးလွန်ပြီး အမှားသိတဲ့အတွက် ဗိုလ်ဒါ​ဘောဆီမှာသွားအဖမ်းခံခဲ့သလို အမှားအတွက် ထိုင်းရဲတပ်ကြပ်ကြီးကို​ ​တောင်းပန်လို​ကြောင်း စိုးကြီး နဲ့ နဂါးကြီးတို့က ထိုင်းရဲစခန်းက ရဲ​တွေကတဆင့် သတင်းစကား စပါးခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ကျန်ခဲ့တဲ့မိသားစုနဲ့ မိတ်​ဆွေ​တွေက ထိုင်းရဲအရာရှိကို​တောင်းပန်ရင်း ​ငွေ​ကန်​တော့လို​ကြောင်း​ပြောတဲ့အခါ ကျန်ခဲ့တဲ့မိသားစုဝင်​တွေရဲ့​ငွေဆိုရင်မလိုချင်​ကြောင်း​ပြောပါတယ် ။ မိသားစုဝင်​တွေရဲ့​ငွေမဟုတ်ပဲ မြန်မာနိုင်ငံသား​တွေက ရဲတပ်ကြပ်ကြီးအတွက် စိတ်မ​ကောင်းဖြစ်​နေကြ​ကြောင်း နဲ့ ကန်​တော့ဖို့ဝိုင်းဝန်ထည့်ဝင်ထားတာဖြစ်တယ်လို့​ပြောမှ ​ငွေလက်ခံခဲ့တာကို ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းမှာ​တွေ့ရပါတယ် ။

"မြန်မာပြည်သူတွေအနေနဲ့ သူ့ကိုပံပိုးကူညီဆုတောင်းပေးသလိုမျိုး၊ အချုပ်ကျနေသော ညီငယ်များနှင့် ကျန်ရစ်သူမိသားစုဝင်များနဲ့ ကလေးငယ်ကို ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ကိုလည်း သူ့အနေနဲ့တိုက်တွန်းပါတယ်။"လို့ ကိုလပြည့်က ပြောပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

သေနတ်ဖြင့်ပစ်ခံရတဲ့ထိုင်းရဲအရာရှိကို ကျူးလွန်သူ​တွေရဲ့မိသားစုဝင်​နဲ့မိတ်​ဆွေ​တွေသွား​ရောက်​တောင်းပန်

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

ထိုင်းရောက် မြန်မာတွေအပေါ် ထိုင်းရွေးကောက်ပွဲ သက်ရောက်မှု - ဘီဘီစီမြန်မာတီဗီ - ၂၇ ဇန်နဝါရီ ၂၀၂၆

ထိုင်းရောက် မြန်မာတွေအပေါ် ထိုင်းရွေးကောက်ပွဲ သက်ရောက်မှု - ဘီဘီစီမြန်မာတီဗီ - ၂၇ ဇန်နဝါရီ ၂၀၂၆

Khit Thit Evening News | January 27, 2026

Khit Thit Evening News | January 27, 2026

Royal Regalia, Yadaya Ritual, and a Rocket for Min Aung Hlaing

Royal Regalia, Yadaya Ritual, and a Rocket for Min Aung Hlaing

ဂမ်ဘီယာကို မဘသ တွေက တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းဆန္ဒပြ (ရုပ်/သံ)

ဂမ်ဘီယာကို မဘသ တွေက တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းဆန္ဒပြ (ရုပ်/သံ)

အီရန်ကို လက်လှမ်းမီနိုင်တဲ့ ရေပြင်ကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေ | People's Spring

အီရန်ကို လက်လှမ်းမီနိုင်တဲ့ ရေပြင်ကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေ | People's Spring

မြန်မာ့ရွှေဈေး ၁၀၆ သိန်းအထိမြင့်တက်လာမှုကြောင့် ရွှေဆိုင်အချို့ ယာယီပိတ်သိမ်းကာ အရောင်းအဝယ်ရပ်ဆိုင်း

မြန်မာ့ရွှေဈေး ၁၀၆ သိန်းအထိမြင့်တက်လာမှုကြောင့် ရွှေဆိုင်အချို့ ယာယီပိတ်သိမ်းကာ အရောင်းအဝယ်ရပ်ဆိုင်း

မြန်မာဖိုက်တာလောက အကြောင်းကို တစ်ပုဒ်ထဲနဲ့ ပြည့်ပြည့်စုံစုံ ရေးသားသွားတဲ့ နစ်အက်ကင်

မြန်မာဖိုက်တာလောက အကြောင်းကို တစ်ပုဒ်ထဲနဲ့ ပြည့်ပြည့်စုံစုံ ရေးသားသွားတဲ့ နစ်အက်ကင်

IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားနဲ့​မေးမြန်းခန်း | People's Spring

IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားနဲ့​မေးမြန်းခန်း | People's Spring

ညနေခင်းသတင်း/ People's Spring

ညနေခင်းသတင်း/ People's Spring

“အာဏာမလွှတ်ချင်တဲ့ စစ်ခေါင်းဆောင် ရဲ့ နောက်ဆုံးထွက်ပေါက်”

“အာဏာမလွှတ်ချင်တဲ့ စစ်ခေါင်းဆောင် ရဲ့ နောက်ဆုံးထွက်ပေါက်”

တရုတ် အတွင်းဒဏ်ရာ မြန်မာမှာ ဘာဆက်ဖြစ်မလဲ | Live

တရုတ် အတွင်းဒဏ်ရာ မြန်မာမှာ ဘာဆက်ဖြစ်မလဲ | Live

ကမ္ဘာ့တရားရုံးရှေ့မှောက် မြန်မာစစ်ဗိုလ်ချုပ်များ၏ ငြင်းဆိုခြင်း အတတ်ပညာ

ကမ္ဘာ့တရားရုံးရှေ့မှောက် မြန်မာစစ်ဗိုလ်ချုပ်များ၏ ငြင်းဆိုခြင်း အတတ်ပညာ

Как шьют в Австралии

Как шьют в Австралии "валенки"...

ထိုင်း​ရောက်မြန်မာ​တွေ သတိထားရတဲ့​နေ့ရက်​တွေ | People's Spring

ထိုင်း​ရောက်မြန်မာ​တွေ သတိထားရတဲ့​နေ့ရက်​တွေ | People's Spring

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

အင်းစိန်အမျိုးသမီးထောင်ထဲက

အင်းစိန်အမျိုးသမီးထောင်ထဲက "ကရင်မ" [ဖြစ်ရပ်မှန်]

ПУТИНА ПРИЖАЛИ К СТЕНЕ! Абу-Даби 2.0: делегация Украины ГОТОВИТ УДАР. Газовый КРАХ РОССИИ! | НОВОСТИ

ПУТИНА ПРИЖАЛИ К СТЕНЕ! Абу-Даби 2.0: делегация Украины ГОТОВИТ УДАР. Газовый КРАХ РОССИИ! | НОВОСТИ

Ko Ko Hlaing Rally Moved After Gambia Protest

Ko Ko Hlaing Rally Moved After Gambia Protest

Снято Случайно, Но Взорвало Интернет! Безумные Моменты с Животными!

Снято Случайно, Но Взорвало Интернет! Безумные Моменты с Животными!

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com