ထိုင်းဘဏ်အကောင့်ဖွင့်နည်းနှင့် လိုအပ်တဲ့စာရွက်စာတမ်းများ။ Opening a Thai Bank with these Documents.
Автор: A Vlog by AungLin
Загружено: 2024-08-03
Просмотров: 10377
အမျိုးအစား (2) မျိုး
1) ကတော့ White Color jobs လို့ခေါ်တဲ့ ရုံးအလုပ် လုပ်နေသူများအတွက််။
ဘာစာရွက်စာတမ်းတွေလိုလဲဆိုတော့
1) Passport ( ပတ်စပိုဒ့်မူရင်း)
2) Work Permit ( အလုပ်လုပ်ကိုင်ခွင့် စာအုပ်မူရင်း)
3) Employment Letter ( company ဖက်က ထောက်ခံချက်စာလိုမျိုး)
( အဲ့စာထဲ ဘာတွေပါနိုင်လဲဆိုတော့ လုပ်ငန်းအမျိုးအစား၊ ကုမ္ဘဏိရဲ့ letterhead ၊ အရာရှိတစ်ယောက်ယောက်ရဲ့ ရာထူး၊ လစာ၊ ပြီးတော့ လက်မှတ် အစရှိသဖြင့်ပေါ့နော်) ဒါက စာရွက်စာတမ်းပိုင်းပါ။
ကိုယ့်ဖက်က ဘာတွေပြင်ရလဲဆိုတော့
1) Proof of Address - နေရက်လိပ်စာ အထောက်အထား ယူသွားရမယ်။
2) Completed Application Forms - လျှောက်လွှာပုံစံ ဖြည့်သွင်းရမယ်။
စတာတွေပါပဲခဗျား။
( မှတ်ချက် ဘဏ်ချင်းမတူရင် လိုအပ်တဲ့၊ တောင်းတဲ့ စာရွက်စာတမ်းမတူပါဘူးခဗျား။ )
သေချာမေးမြန်းစုံစမ်းပြီးမှ စာရွက်စာတမ်းစုတာပိုကောင်းပါတယ်ဗျ။ နစ်ခါသုံးခါပင်ပန်းနေမှာ ဆိုးလို့။
ဒုတိယအမျိုးအစားဖြစ်တဲ့
စက်ရုံအလုပ်သမမားများ၊ တခြား Blue Color Jobs သမားများတွေ စာရွက်စာတမ်းကတော့
1) passport or CI ( ပတ်စဗိုဒ့်အနီ သို့ စီအိုင် အစိမ်း မူရင်းလိုမယ်။)
2) Smart Card, လို့ခေါ်တဲ့ ( ပကန်စန်ခူမ်လိုမျိုးကဒ် ၊ အလုပ်သမားကဒ်၊ ပန်းရောင်ကဒ်တွေ)မူရင်းလိုမယ်။
3) Work permit, လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် စာအုပ်မူရင်း) ကဒ် သို့ စာရွက်လည်းရတယ်နော်။
4)အလုပ်ထောက်ခံစာ ( စက်ရုံအလုပ်ထောက်ခံစာ၊ သူဌေးဆိုင် သူဌေးထောက်ခံစာ သူ့ရဲ့ မှတ်ပုံတင်မိတ်တူ ) စတဲ့ အရာတွေလိုအပ်တယ်ဗျ။
အတူတူပါပဲ
ကိုယ့်ဖက်က ဘာတွေပြင်ရလဲဆိုတော့
1) Proof of Address - နေရက်လိပ်စာ အထောက်အထား ယူသွားရမယ်။
2) Completed Application Forms - လျှောက်လွှာပုံစံ ဖြည့်သွင်းရမယ်။
စတာတွေပါပဲခဗျား။
( မှတ်ချက်- ဘဏ်ချင်းမတူလို့ လိုအပ်တာချင်းလည်းမတူနိုင်ပါဘူးနော်။
ကျနော့်ဖက်က တစ်ခုခုလိုအပ်သွားရင်လည်း တောင်းပန်ပါတယ်ဗျ။ လိုအပ်တဲ့အချက်ကို comment မှာ ချရေးပေး၊ ပြင်ပေးလို့ရပါတယ်ခဗျား။ )
ဒါကတော့ ပထမ အပိုင်းဖြစ်တဲ့ ဘဏ်အမျိုးအစားပါ။
https://www.facebook.com/share/v/wq2n...
Aung Lin @ Aike Aein
03 : 08 : 2024
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: