☸️
Автор: Dhamma in UK
Загружено: 2025-12-14
Просмотров: 123
🙏 သစ္စာလေးပါး မြတ်တရား ☸️
ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့၌ တည်ရှိသော
Birmingham Buddhist Vihara ကျောင်းတိုက်၌ (၆-၆-၂၀၀၅)တွင် ဟောကြားခဲ့သော တရားတော် ဗီဒီယိုမှတ်တမ်းထဲမှ ပြန်လည်လေ့လာမှတ်သား၍ ကောက်နုတ် မျှဝေခြင်းဖြစ်ပါသည်။
ယခုမျှဝေသည့်အပိုင်းမှာ မဂ္ဂင်ကျင့်စဉ်ထဲမှ
ဝိပဿနာကမ္မဌာန်းနှင့် သက်ဆိုင်သော ဖွင့်ဆိုချက်များဖြစ်တဲ့အတွက် တရားတော်ကို လေ့လာနားကြားလိုသော ကလျာဏမိတ်ဆွေများအတွက် သင့်တော်မယ်လို့ ယူဆပါတယ်။
(ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ) ဤပရိညာဉာဏ်သုံးပါး အဆင့်ဆင့် တိုးတက်ပြည့်စုံမှသာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်သော မဂ်ဉာဏ် ကို ရရှိနိုင်ပါသည်။
ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ အဓိကလုပ်ငန်းမှာ ခန္ဓာငါးပါး (ရုပ်နှင့် နာမ်) ကို အမှန်အတိုင်း ရှုမြင်ခြင်း ဖြစ်ပါသည်။ ဝိပဿနာဉာဏ်
အစဉ်၏ ရှေ့ဆုံးပိုင်းတွင်ပါဝင်သော အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
“ဓမ္မ၏အလွန်နက်နဲခြင်းသဘော”(Gambhīratā)
ပရမတ္ထဓမ္မသည် ရိုးရိုးမျက်စိဖြင့် သို့မဟုတ် အကြမ်းဖျင်း တွေးခေါ်ယုံမျှဖြင့် သိနိုင်သော အရာမဟုတ်ပါ။
• ပဋိစ္စသမုပ္ပါဒ် (အကြောင်းအကျိုးဆက်ခြင်းသဘော)
• တရားဓမ္မတို့သည် အကြောင်းအကျိုး ဆက်စပ်မှု ဖြစ်သော ပဋိစ္စသမုပ္ပါဒ် သဘောတရားအတိုင်း အလွန်နက်နဲစွာ ဖြစ်ပျက်နေကြသည်။
• ဒါနပြုလျှင် ကောင်းကျိုးရမည်ဟု သိခြင်းသည် ရိုးရှင်းသော်လည်း၊ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် စသည်ဖြင့် ကွင်းဆက်ကို အမှန်တကယ် ထိုးထွင်းသိမြင်ရန်မှာ လွန်စွာခက်ခဲနက်နဲသည်။
ရုပ်နာမ်ဓမ္မတို့၏ သဘာဝ
• ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်ပျက်မှု ဥပါဒ် ဌီ ဘင် (ခဏသုံးပါး)ကို သာမန်အားဖြင့် မမြင်နိုင်ပါ။
• အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားများကို စာအားဖြင့် သိထားရုံဖြင့်မပြီးဘဲ ဝိပဿနာဉာဏ် ဖြင့် အမှန်တကယ် ထိုးထွင်း မြင်နိုင်မှသာ နက်နဲမှုကို ကျော်လွှားနိုင်မည် ဖြစ်သည်။
• ပုထုဇန်တို့သည် ငါ့ကိုယ်၊ ငါ့ဥစ္စာ ဟူသော မာန်မာနနှင့် အတ္တဒိဋ္ဌိ (အမြင်မှား) များဖြင့် ဖုံးလွှမ်းနေသောကြောင့် နက်နဲသော အနတ္တ (အတ္တမရှိခြင်း) တရားကို လက်ခံရန်နှင့် သိမြင်ရန် ခက်ခဲလှပါသည်။
• တဏှာ၏ နှောင်ဖွဲ့မှုတို့က လောကီအာရုံ ကာမဂုဏ်တို့၌ တပ်မက်ခြင်း၊ စွဲလမ်းခြင်းများက စိတ်ကို နှောင့်ယှက်ထားသောကြောင့် တရား၏အေးချမ်းမှုနှင့် အမှန်တရားကို ကောင်းစွာ ဆင်ခြင်နိုင်စွမ်း မရှိချေ။
သိရှိရန် ခက်ခဲခြင်း (Duddasattā)
• ဓမ္မသည် အလွန်သိရန်ခက်ခဲသည် (ဒုဒ္ဒသ)၊ အလွန်နားလည်ရန်ခက်ခဲသည် (ဒုရနုဗောဓ) ဟု မြတ်စွာဘုရားကိုယ်တော်တိုင် မိန့်တော်မူခဲ့ပါသည်။
အာဂမသုတ ဟူသောသင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ၊ ထိုအသိများဖြင့် ပြည့်စုံနိုင်ကြပါစေ။
@DhammaUK
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: