Aiစနစ်နှင့်ကြက်မျိုးစပ်ခြင်း
Автор: Khaingbowin_Farmer
Загружено: 2025-11-25
Просмотров: 106
မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ စိုက်ပျိုး
မွေးမြူရေးနှင့်ပတ်သက်တဲ့ အသိပညာတွေကို
မျှဝေပေးနေတဲ့ ခိုင်ဘိုဝင်းပဲဖြစ်ပါတယ်။ ကျနော်ရဲ့
pageကနေ ကြိုဆိုပါတယ်။ဒီနေ့မှာတော့( AI )စနစ်
နှင့်ကြက်မျိုးစပ်ခြင်း အကြောင်း လေ့လာကြမှာဖြစ်
ပါတယ်။ကြက်မျိုးစပ်ခြင်းအတွက် ဘယ်လိုပစ္စည်း
ကိရိယာတွေ လိုအပ်လဲဆိုတာ အရင်ဆုံးလေ့လာ
ကြည့်လိုက်ရအောင်။
➡
(ကြက်မျိုးစပ်ခြင်းအတွက် အခြေခံပစ္စည်းများ)
..........................................................................
၁။ ပထမဆုံးအနေနဲ့ ဆားရည် (Normal Saline
Solution) လိုအပ်မှာဖြစ်ပါတယ်။ ဒီဆားရည်ကို
ဆေးဆိုင်တွေ ဒါမှမဟုတ် စျေးကွက်ထဲမှာ အလွယ်
တကူ ဝယ်ယူနိုင်ပါတယ်။
တစ်ပုလင်းကို ဘတ် ၄၀
ကနေ ၄၅ ဘတ်လောက် ပေးရပါတယ်။ ဒီဆားရည်
ကို သုက်ပမာဏ တိုးပွားစေဖို့အတွက် ကြက်မျိုးစပ်
ခြင်းမှာ အသုံးပြုပါတယ်။
၂။ ဒုတိယပစ္စည်းကတော့ ခွက်ပါ။ ဒီခွက်ကို
ဖိုကြက်ရဲ့ သုက်ကို ယူဖို့အတွက် အသုံးပြုပါတယ်။
ဖိုကြက်ရဲ့ ဖင်ကို ညှစ်ထုတ်တဲ့အချိန်မှာ သုက်ကို
ခံယူဖို့ပါ။
၃။ တတိယပစ္စည်းကတော့ ဆေးထိုးအပ်ပါ။
ဒီအပ်ကတော့ ဖိုကြက်ရဲ့သုက်ကို မကြက်ရဲ့ သားဥ
ပြွန်ထဲ ထိုးထည့်ဖို့အတွက်အသုံးပြုပါတယ်။
➡
(ကြက်မျိုးစပ်ခြင်း အဆင့်ဆင့်)
...................................................
AIစနစ်နှင့်ကြက်မျိုးစပ်တဲ့အခါကြက်မျိုး
စပ်ခြင်းအတွက် အနည်းဆုံး လူ ၂ယောက်လိုအပ်
ပါတယ်။
တစ်ချို့ကတော့တစ်ယောက်တည်း
စပ်ကြတာလည်းရှိပါတယ်။တစ်ယောက်တည်းနှင့်
မရဘူးလား ဆိုရပါတယ်။ နှစ်ယောက်ဆို ပိုအဆင်
ပြေပါတယ်။
၁။ ကြက်ကို ကိုင်တွယ်ခြင်း
⭕ လူတစ်ယောက်က ကြက်ကို ကိုင်တွယ်ရပါမယ်။
လှောင်အိမ်ထဲကနေ ကြက်ကိုထုတ်ယူတဲ့အခါ ညင်
သာစွာ ကိုင်တွယ်ပြီး ပွတ်သပ်ပေးပါ။ တောင်ပံကို
ကိုင်တာ ဒါမှမဟုတ် အမြီးကို စုကိုင်တာမျိုး လုပ်
နိုင်ပါတယ်။
⭕ ကြက်ကို ကိုင်ပြီးတာနဲ့ ကြက်ရဲ့ ခါးအဆင့်
နီးပါးလောက်မှာ စုကိုင်ထားပြီး ကြက်မျိုးစပ်ဖို့
အသင့်ဖြစ်အောင် တောင်ပံနဲ့ ခြေထောက်တွေကို
စုထားပေးပါ။ဒါမှနောက်အဆင့်အတွက်အဆင်
သင့်ဖြစ်မှာပါ။
၂။ သုက်ညှစ်ထုတ်ခြင်း (Milking)
⭕ကြက်ကိုကူကိုင်ပေးသူက ကြက်ဖရဲ့
အမြီးကိုအပေါ် မြှောက်ပြီး အမြီးအမွေးတွေကို
ဖွင့်ပေးပြီး ကြက်ဖရဲ့စအိုနားကို ညင်သာစွာညစ်
ပေးပါ။
⭕ လက်တစ်ဖက်နဲ့ စအိုနားကို ညှစ်ပြီး ကျန်
လက်တစ်ဖက်နဲ့ သုက်ခံမယ့် ခွက်ကို ကိုင်ထားပါ။
⭕လိုအပ်တဲ့ သုက်ပမာဏ ရပြီဆိုရင် ဆားရည်နဲ့
တူညီတဲ့ ပမာဏ ရောစပ်ပါ။ရရှိလာတဲ့ကြက်သုက်
ရည်ကို ဒီဆားရည်နှင့်တူညီတဲ့ပမာဏနှင့်ရောစပ်
ပေးပါ။
၃။ မကြက်ထဲသို့ သုက်ထိုးသွင်းခြင်း
ကြက်မဖင်ထဲကို သုက်ထိုးသွင်းတဲ့အခါ
⭕ ကြက်ကို ကိုင်တွယ်တဲ့သူက မကြက်ရဲ့ ဖင်ကို
တွန်းပြီး သားဥပြွန် (oviduct) ပေါ်လာအောင်
လုပ်ပေးပါ။ (ဥချတဲ့ ပြွန်ကို မြင်ရပါမယ်)။
⭕ အသုံးပြုသင့်တဲ့ သုက်ပမာဏက ၀.၀၅ CC
လောက်ပါ။
⭕ သုက်ကို သားဥပြွန်ထဲကို ဖြည်းဖြည်းချင်း
ထိုးသွင်းပါ။
⭕သုက်ရည် ထိုးထည့်လိုက်တာနဲ့ မကြက်ရဲ့
ဖင်က ကျုံ့သွားတာကို သတိထားမိပါလိမ့်မယ်။
AIစနစ်နှင့် ကြက်မျိုးစပ်ခြင်းနည်းလမ်းကအရမ်း
လွယ်ကူတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။
အဓိက အဆင့် ၃ ဆင့် ရှိပါတယ်။
⭕ပထမအဆင့်ကတော့ ကြက်ကို ကိုင်တွယ်ခြင်း
ဖြစ်ပါတယ်။
⭕ ဒုတိယအဆင့်ကတော့ ဖိုကြက်ကို ကိုင်ပြီး
သုက်ညှစ်ထုတ်ခြင်း ဖြစ်ပါတယ်။
⭕ တတိယအဆင့်ကတော့ သုက်ကို မကြက်ထဲ
ထိုးသွင်းခြင်း ဖြစ်ပါတယ်။
သတိထားရမည့်အချက်များကတော့အပူ
ချိန်ဖြစ်ပါတယ်။အပူနှင့်ထိတွေ့ရင်ဖိုကြက်ရဲ့
သုက်ဟာ အားနည်းသွားပါတယ်။ ဒါကြောင့် ကြက်
မျိုးစပ်ခြင်းကို နေပူထဲမှာ ဒါမှမဟုတ်နေပူပြင်းတဲ့
နေ့လည်ခင်းလိုမျိုးမှာပြုလုပ်ခြင်းကို ရှောင်ရှားသင့်
ပါတယ်။
➡
(မျိုးအောင်ခြင်း ကြိမ်နှုန်း)
____________________________
ဖိုကြက်ရဲ့ သုက်ဟာ မကြက်ရဲ့ သားဥပြွန်ထဲမှာ
၅-၇ ရက်လောက် အသက်ရှင်နိုင်ပါတယ်။မျိုးစပ်
ဥ ဥဥနှုန်းမှာ ရာခိုင်နှုန်း မြင့်မားချင်ရင် အနည်းဆုံး
တစ်ပတ်ကို ၂ ကြိမ် လောက် မျိုးစပ်ပေးသင့်ပါ
တယ်။
ဥပမာ- အင်္ဂါနေ့မှာ မျိုးစပ်ပြီး ကြာသပတေး
နေ့ ဒါမှမဟုတ် သောကြာနေ့မှာ နောက်တစ်ကြိမ်
ထပ်မံ မျိုးစပ်တာမျိုးလုပ်ပါ။
ဟုတ်ကဲ့ပါ။အခုမျှဝေပေးတဲ့ဒီအချက်
အလက်တွေက ကြက်မွေးတောင်သူများအတွက်
အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ထပ်တခြားစိုက်မွေးအကြောင်းတွေကိုလေ့
လာချင်တယ်ဆိုရင် ကျနော့်pageကို followလုပ်ထားပေးခဲ့ပါ။ဒီဗီဒီယိုနှင့်ပတ်သက်ပြီး မှတ်ချက်
ပေးချင်တယ်ဆိုရင်လည်း ဒီဗီဒီယိုရဲ့အောက်မှာ
မှတ်ချက်ပေးခဲ့နိုင်ပါတယ်။ ဟုတ်ကဲ့ပါ။ ဒီနေ့က
တော့ ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။
➖➖➖➖
♏♏♏♏♏
#AIစနစ်နှင့်ကြက်မျိုးစပ်ခြင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: