Khit Thit သတင်းဌာန၏ ဇွန် ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-06-22
Просмотров: 615848
Khit Thit သတင်းဌာန၏ ဇွန် ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က MRTV ဝန်ထမ်း မနှင်းယဉ်ဖြူ ဆိုသူကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းမှုနဲ့ ပန်းသပိတ်မှာ ပါဝင်ခဲ့လို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်ပြန်တယ်လို့ MRTV ဝန်ထမ်းအသိုင်း အဝိုင်းကပြောထားသလို ၊ စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။
-ကရင်ပြည်နယ် ၊ ထိုင်းမြန်မာနယ်စပ်က အကြမ်းဖက် စစ်ကေင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက် လာတဲ့ KNLA ပူးပေါင်းတပ်တွေက နောက်ထပ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ် တပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ပြန်ပြီး ၊ စစ်ကောင်စီတပ်သားတွေဟာ ထုံးစံအတိုင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပြန်တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်းက မလှိုင်မြို့ပေါ်မှာ စားသောက်ဆိုင်အတွင်း သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး အောင်ဝင်းကို ဆိုသူကို PDF ရဲမေတွေက လက်နက်နဲ့အတူ အရှင်ဖမ်းဆီး ရမိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: