ထက်ထက်မိုးဦးရဲ့ ကျေးဇူးကြောင့် ကြော်ငြာဒါရိုက်တာ စဖြစ်ခဲ့တာပါလို့ ဖွင့်ဟလာတဲ့ အဆိုတော် စိန်လင်း
Автор: MT News - Myanmar Transparency
Загружено: 2026-01-17
Просмотров: 946
၁၇.၁.၂၀၂၆
ရိုက်ကူး/တည်းဖြတ် -သန္တာ
“ထက်ထက်မိုးဦးရဲ့ ကျေးဇူးနဲ့ပဲ ကျွန်တော် ကြော်ငြာဒါရိုက်တာအဖြစ်နဲ့ ပထမဦးဆုံး Commercial ရိုက်ခဲ့ရတယ်။ မထက်က ကျေးဇူးရှိတာပေါ့။ ကျွန်တော့်ကို Video ဆိုလည်း မထက် ရဲရဲဝံ့ဝံ့နဲ့ လက်တွဲခဲ့တာလေ။ ကိုစိန်လင်းရိုက်။ မထက်ကို ကိုစိန်လင်းရိုက်ရင် အမရိုက်မယ်ပေါ့။ သူ ကိုယ့်ကို ရဲဆေးတင်ပေးခဲ့တာ။ သူ့ကိုစပြီး ကြော်ငြာရိုက်ချိန်မှာဆိုရင် ကျွန်တော့်မရိုက်ရဲဘူး။ ကြောက်တာပေါ့နော်။ ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့တာ အမရဲ့ကြော်ငြာဘုရင်မခေတ်က ဖြတ်သန်းခဲ့တာဆိုတော့ ကိုယ့်ရဲ့ ဝါရင့်ဒါရိုက်တာကြီးတွေ အလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်အနေနဲ့ ကိုယ်လုပ်တာကို ခံယူပါ့မလားပေါ့။ အဲလိုမဟုတ်ဘူး။ အမက ကျွန်တော့်အရည်အချင်းကို သိတဲ့အခါကြတော့ ဒီဒါရိုက်တာနယ်ပယ်မှာ လုပ်ကိုင်ဖို့အတွက် အခွင့်အရေးပေးခဲ့တယ်။ လက်တွဲခေါ်ပေးခဲ့တယ်။ ကျေးဇူးရှိတဲ့အထဲမှာ မထက်လည်းပါပါတယ်” အဆိုတော် စိန်လင်း(Today Wedding)
#အဆိုတော်စိန်လင်း #ထက်ထက်မိုးဦး #HtetHtetMoeOo #မြတ်မင်းခန့် #ကျော်ကျော်အိန္ဒြာ #ကျော်ကျော်နန္ဒ #TodayWedding #စိန်လင်း #SeinLin #MyanmarSinger
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: