Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-10-27
Просмотров: 475256
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာရှိတဲ့ KK Park မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရွှေက္ကိုလ်မြို့သစ် အပါအဝင် မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကျားဖြန့် လုပ်ငန်းစင်တာတွေအနေနဲ့ စိတ်ပူဖို့မလိုဘဲ ပုံမှန်အတိုင်း လုပ်ငန်းတွေကို လည်ပတ်လုပ်ကိုင်နိုင်တယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF က တရားဝင် အသိပေးလာတယ်လို့ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာတွေဆီကနေ သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလ အဖြစ် အောက်တိုဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်လိုက်တယ်ဆိုတာကို မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
-ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းနှင့် ဒေါနတောင်လမ်းဟောင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာ ကြောင့် တိုက်ပွဲတွေနေ့တိုင်း ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: