ရှမ်းမြောက် အပစ်ရပ်ခြင်း၏ စစ်ရေးအကျိုးဆက်များ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-11-25
Просмотров: 38142
မိုးမိတ်၊ မိုးကုတ်ကို TNLA က စစ်တပ်အား ခေါ်သွင်းလာပြီး လက်လွှဲပေးမည်ဟု သတင်းများ ထွက်ပေါ်နေရာ ထိုသို့ ဖြစ်ပွားပါက မိုးမိတ်၊ မိုးကုတ်ဒေသသည် ပြောက်ကျားဒေသ ပြန်ဖြစ်ပြီး ထိုမြို့နှစ်မြို့ကိုပါ ပြန်လည် တိုက်ခိုက်ရဦးမည် ဖြစ်သည်။
သို့ဖြစ်ရာ ရှမ်းမြောက်တွင် အပစ်ရပ်၍ ကျန်ဒေသများကို ဖိပြီး ထိုးစစ်ဆင်မည်ဟု ယေဘုယျ သုံးသပ်နိုင်သော်လည်း လက်တွေ့တွင် ၁၉၉၀ ပြည့်နှစ် ကာလများနှင့် မတူနိုင်တော့ပေ။ သက်ရောက်မှု အတန်ငယ်ရှိသော်လည်း တခုလုံးအရ ၁၉၉၀ ပြည့်နှစ်ကကဲ့သို့ ကြီးကြီးမားမား သက်ရောက်မှုရှိရန် ခက်ခဲ၏။
ထို့ပြင် စကမ စစ်တပ် ထိန်းချုပ်နိုင်ခြင်း မရှိသည့် ရှမ်းမြောက်မှဒေသများ နှစ်ဆတိုး ကျယ်ပြန့်လာခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် ကီလိုမီတာ ထောင်ချီသော တရုတ်နယ်စပ်မျဉ်းကိုပါ ထည့်သွင်းတွက်ချက်ပါက ရှမ်းမြောက်အပစ်ရပ်ခြင်းကြောင့် စကမ ရရှိသည့် အကျိုးအမြတ်ကို တွက်ချက်ရန် စောလွန်းနေပေလိမ့်မည်။
#မြန်မာ #ဧရာဝတီ #ရှမ်းပြည်နယ် #မိုးကုတ် #မိုးမိတ် #TNLA #အပစ်ရပ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: