ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာခါတိုင်းရင်းသားတွေရဲ့ ရိုးရာဒါန်းစီးပွဲတော်
Автор: Mandaing News
Загружено: 2025-09-17
Просмотров: 276
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အာခါတိုင်းရင်းသားတွေရဲ့ ရိုးရာဒါန်းစီးပွဲတော်
မဏ္ဍိုင် - စက်တင်ဘာ ၁၇ ၊ ၂၀၂၅ ။
အာခါရိုးရာ စုပေါင်းဒါန်းစီးပွဲတော်ကို ယခုလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မဲ့စလောင်း တောင်ပေါ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒါန်းစီးပွဲတော်ကို နှစ်စဉ်အာခါလူမျိုးအသုံးပြုသော ပြက္ခဒိန်(ချော်လာ့)သြဂုတ်လ၏ ပထမ(ကျွဲ)နေ့ ကျရောက် တဲ့ ရက်မှာ`ဒန်းစီးပွဲတော်´ရာသီကျရောက်ပြီး အာခါလူမျိုးတွေ နေထိုင်တဲ့ ဒေသအားလုံးမှာ ပွဲတော်ကို ကျင်းပကြ ပါတယ်။
ရဲခူအဖွေ(ခ)အာခါရိုးရာ စုပေါင်းဒါန်းစီးပွဲတော်က အာခါတိုင်းရင်းသားများ အထွတ်အမြတ်ထားတဲ့ ပွဲတော် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များရှိ အာခါကျေးရွာများမှာလည်း အလှည့်ကျ ကျင်းပနေပါတယ်။
အာခါတွေက မြန်မာနိုင်ငံက တိုင်းရင်းသားတွေဖြစ်ပြီး ထိုင်းနိုင်ငံကို စတင်ရွှေ့ပြောင်းလာတာဟာ ၁၉၅၀ ကာလ တွေထဲကလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီအချိန်မြန်မာဘက်က စစ်ပွဲတွေ၊ စိုက်ပျိုးရေး အတွက် မြေနေရာမရတာတွေကြောင့် ထိုင်းမြောက်ပိုင်းကို ရောက်လာပြီး တောင်ပေါ်ကျေးရွာတွေအဖြစ် စတင် နေထိုင်ခဲ့ကြပါတယ်။
ယခင်ကတော့ ဒီတောင်ပေါ်တွေမှာ သွားလာရေးခက်ခဲတဲ့အတွက် ထိုင်းနိုင်ငံသားတွေ မနေကြဘဲ တောင်ပေါ် နေလူမျိုးတွေဖြစ်တဲ့ အာခါတွေက နေထိုင်ခဲ့ကြတာပါ။
အဲဒီကနေစပြီး ဒီနေ့အထိ မြန်မာမှာ ပဋိပက္ခတွေ မစဲသေးတာကြောင့် အာခါတွေဟာ ထိုင်းကို ဝင်လာနေကြရ တုန်းပါပဲ။
ဒါကြောင့်လည်း မြန်မာဘက်မှာ ယခင်က အာခါဦးရေ နှစ်သိန်းကျော် ရှိနေရာက အခုဆို တစ်သိန်းတောင်မပြည့် တော့ပါဘူး။
ထိုင်းအစိုးရကလည်း အာခါတိုင်းရင်းသားတွေကို နေထိုင်ခွင့်၊ လုပ်ကိုင်စားသောက်ခွင့်နဲ့ တချို့တွေဆို နိုင်ငံသား အထိပါ အခွင့်အရေးတွေ ပေးထားပါတယ်။
ဒါကြောင့်လည်း အာခါတိုင်းရင်းသားတွေဟာ ဒီလို ဒါန်းစီးပွဲတော်တွေကို နှစ်စဉ် ထိုင်းနိုင်ငံမှာ ကျင်းပနေ ကြတာပါ။
အာခါတိုင်းရင်းသားတွေက တောင်ပေါ် ဒေသနေ လူမျိုးစုဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးစနစ်ကို ဘိုးဘွား စဉ် ဆက်လုပ်ကိုင်ခဲ့ကြတာပါ။
ဒါကြောင့် မိမိတို့လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးပြီးချိန်မှာ ညီညွတ်ခြင်း၊ အေးချမ်းခြင်းနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝစွာရရှိစေရန် ရည်ရွယ်ကာ ရိုးရာဒါန်းစီး ပွဲတော်ကို ကျင်းပကြတာဖြစ်ပါတယ်။
အာခါတိုင်းရင်းသားတွေရဲ့ ဒါန်းတော်မှတ်တမ်းမှာတော့ ဝမ်းစာအတွက် ထွန်ယက် စိုက်ပျိုးထားသော စပါးပင် အညွှန့်စထွက်ချိန်မှာ လူကြီး၊ လူငယ်၊ မိတ်သင်္ဂဟများပါမကျန်ဖိတ်ခေါ်ပြီး ရွာဦးထိပ်တွင် ဒါန်းကို ဆင်ကာ မင်္ဂလာသီချင်းများရွတ်ဆိုပြီး ဒါန်းစီးပွဲတော်ကို ကျင်းပတယ်လို့ ဆိုပါတယ်။
ဒါန်းကို အမြင့်ဆုံးအထိ လွှဲနိုင်လေလေ သတ္တိအရာပြောင်မြောက်ပြီး မိမိရည်ရွယ်ထားတာတွေ အောင်မြင်မယ်လို့ ယူဆထားကြပါတယ်။
ဒါန်းစီးရင်းလည်း ရိုးရာသီချင်းသံစဉ်များကို သီဆို ကခုန်ကြတဲ့ ပျော်ပွဲရွင်ပွဲလည်း ဖြစ်ပါတယ်။
ပွဲတော်ကျင်းပနေစဉ်ကာလအတွင်း အနယ်နယ်အရပ်ရပ်ရှိ ပြည်တွင်းပြည်ပဧည့်သည်များ လာရောက် လည်ပတ် လေ့ရှိကြပါတယ်။
#အာခါ #ဒါန်းစီးပွဲ #ချင်းရိုင် #မဲ့စလောင်း #ရှမ်းပြည် #မဏ္ဍိုင်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: