SIS Myanmar ရဲ့ (၂၀၂၂- ၂၀၂၃) စာသင်နှစ် ကျောင်းဆင်းပွဲ
Автор: Myanmar Celebrity
Загружено: 2023-06-20
Просмотров: 12598
SIS Myanmar ရဲ့ (၂၀၂၂-၂၀၂၃) စာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့က ကျောင်းတည်ရှိရာ အမှတ် (၆ A)၊ ပေါ်ဆန်းမွှေးလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မှာ ကျင်းပ ခဲ့ပါတယ်။ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် မိသားစုက တက်ရောက် ချီးမြှင့်ခဲ့ပြီး၊ သား (၂) ယောက်ကို ဒီကျောင်းမှာ ပညာသင်ကြားစေတဲ့ အတွက် အရည်အချင်း တိုးတက်မှုတွေကို ပြောပြခဲ့ပါတယ်။
SIS အဖွဲ့သည် အာရှတစ်ခွင်၌ ကျောင်းပေါင်း (၁၁) ကျောင်းဖြင့် (၂၅) နှစ်ကျော်တိုင် ရပ်တည်လာတာ ဖြစ်ပါတယ်။ SIS Myanmar ကျောင်းတွင် စင်ကာပူ၊ Cambridge နှင့် IB သင်ရိုးညွှန်းတမ်းများကို သင်ကြား ပေးလျက်ရှိသည့်အပြင် အတန်းငယ်လေးမှ စပြီး အင်္ဂလိပ်၊ မြန်မာနှင့် တရုတ် ဘာသာစကား (၃) မျိုး စလုံးကို သင်ကြားပေးလျက်ရှိပါတယ်။
ခိုင်မာတဲ့ ပညာရေးစနစ်များ အပြင် SIS သင်ရိုးညွှန်းတမ်းရဲ့ ထူးခြားမှုကတော့ ခေတ်မီ နည်းပညာများ အသုံးပြုခြင်း၊ ပရောဂျက်အခြေခံ၍ လေ့လာသင်ယူခြင်းများအပြင် နိုင်ငံတကာနှင့် ပူးပေါင်း လုပ်ဆောင်မှုများဖြင့် (၂၁) ရာစု စွမ်းရည်များဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ အသိဉာဏ် နှင့် တန်ဖိုးများကိုပါ ပိုမိုခိုင်မာလာစေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
@MyanmarCelebrity Update: The Year End Ceremony 2023 of SIS Myanmar was held at Thingangyun township, Yangon on June 15, 2023. #SISMyanmar #sisgroupofschools #InternationalSchoolYangon #ZinZinZawMyint
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: