ဒိန်ချဉ် ပြုလုပ်နည်း / How to make yogurt
Автор: Chit May May Cooking
Загружено: 2023-09-22
Просмотров: 54709
#chitmaymay #cookingchannel #yogurt #yoghurt #ဒိန်ချဥ်
Yogurt is a dairy product made by fermenting milk with a bacterial yogurt culture. It provides protein and calcium, and it may enhance healthy probiotic gut bacteria.
Yogurt provides almost every nutrient that your body needs. It’s especially high in calcium, B vitamins, and trace minerals.
Y
သဘာဝ ဒိန်ချဉ် ပြုလုပ်နည်း / How to make yogurt
________________________________________________
နွားနို့ 50 သာ: ကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ လက်ညိုးကိုထည့်ကြည့်လို့အပူခံနိုင်တယ်ဆိုရုံလေးပေါ့။
ပြီးရင် ဗူး ၁ ဗူးထဲ ဒိန်ချဉ် ၁ ဇွန်း ထည့်ပြီး မရွ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲထားရမှာပါ။ ၂၄နာရီပြည့်ရင် ဒိန်ချဥ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ခနခနလည်း မမွှေရပါဘူး။ အချဥ်တည်ချိန်မှာ လုံးဝအေးမနေရပါဘူး။
" Thank you so much for watching. "
---------------------------------------------------------------------------------------------------------
ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း လေးတွေက ဘာတွေများဖြစ်မလဲ။
======================================================
နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။
*** ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း
ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင်
*သွား နဲ့ သွားဖုံး ပြဿနာကင်းစေတယ်
ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။
ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီး သွားနဲ့ ခံတွင်းကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
*ဓာတ်မတည့်မှု ပြဿနာကိုလျှော့ချပေးတယ်
ရာသီဥတုကြောင့်ဖြစ်ဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ဖြစ် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ကာကွယ်ဖို့ဆိုရင် နေ့စဉ် ပုံမှန် ဒိန်ချဉ် တစ်ခွက်စားပေးပါ။ ဒါက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်မှာပါ။
ကြွက်သားတွေ သန်မာစေနိုင်တယ်
ဒိန်ချဉ်မှာ ကြွက်သားတွေ ကျန်းမာရေးကို အားဖြည့်ပေးတဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်က ကြွက်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။
အအေးမိ၊ ဖျားနာ ကာကွယ်ပေးနိုင်တယ်
ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ၊ ဖျားနာတာမျိုး မဖြစ်ချင်ဘူးဆိုရင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဒိန်ချဉ်ကို တစ်နေ့တစ်ခွက် ပုံမှန် စားပေးသင့်ပါတယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိဖျားနာမှုကို ကင်းစေနိုင်မှာပါ။ ရောဂါပိုးတွေက ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
မှိုပိုး ကူးစက်ခံရတာကို ကာကွယ်ပေးတယ်
လေဒီလေးတွေအနေနဲ့ ဒိန်ချဉ်စားသုံးပေးမယ်ဆိုရင် မိန်းမကိုယ်မှိုပိုး ကူးစက်ခံရတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒိန်ချဉ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး pH ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။
သွေးတိုး သက်သာစေတယ်
ဒိန်ချဉ်သောက်ပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဉ်မှန်မှန် သောက်သုံးသူတွေက သွေးတိုးတာမျိုး ကင်းသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းညှိထားနိုင်တယ်ဆိုတာပါ။ သွေးတိုးကို ကာကွယ်ချင်သူတွေရော ကုသချင်သူတွေအတွက်ပါ သင့်တော်တဲ့ ဓာတ်စာလေးတစ်ခုပေါ့။
အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်
ဒိန်ချဉ်က နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ပရိုတင်းကြွယ်ဝသလို ကယ်လ်ဆီယမ်လည်း ပြည့်ဝပါတယ်။ ဒီအချက်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။ နောက်တစ်ချက်က ဒိန်ချဉ်ရဲ့ ဗီတာမင် D ကြွယ်ဝမှုက အရိုးပွရောဂါ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
အင်အားပြည့်စေတယ်
ကာဗိုဟိုက်ဒရိတ်ပါဝင်နေသလို ဗီတာမင် B အုပ်စုပြည့်ဝစွာ ပါဝင်နေမှုကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ ဒိန်ချဉ်က အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။
ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
ဒိန်ချဉ်က အဆီတွေကို လောင်ကျွမ်းစေရာမှာ အထောက်အကူပြုပေးပြီး ကြွက်သားနဲ့ တစ်ရှူးတွေကို အကောင်းဆုံး အားဖြည့်ပေးတာကြောင့် အဆီကျ လှပချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပရိုတင်းပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ကြွက်သားတက်စေဖို့လည်း အထောက်အပံ့ပေးမှာပါ။ ဒါကြောင့် ဝိတ်ချဖို့ လေ့ကျင့်ခန်းလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဒိန်ချဉ်တစ်ခွက် စားပေးပါ။
----------------------------------
မန်ကျည်းဖျော်ရည်
• မန်ကျည်းဖျော်ရည်/ Burmese Tamarind Juice
မြန်မာထမင်းသုပ်
• မြန်မာထမင်းသုပ် - Burmese rice salad #chit...
ပုဇွန်ဆိတ်ချက်နည်း
• ပုဇွန်ဆိတ် ချက်နည်း - Spicy shrimp curry
ရွှေထမင်း လုပ်နည်း
• ရွှေထမင်း လုပ်နည်း- Golden Sticky Burmese ...
#yogurt #food #breakfast #healthyfood #healthy #foodie #yummy #instafood #dessert #healthylifestyle #delicious #frozenyogurt #homemade #milk #love #yogurtbowl #greekyogurt #yoghurt #urt
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: