တိမ်တွေကြားထဲ ရောက်သွားသလို ခံစားရမဲ့နေရာ
Автор: Lonely Wolf
Загружено: 2023-10-15
Просмотров: 39405
ဒီဗီဒီယိုလေးကတော့ ကျနော်တို့လွန်ခဲ့တဲ့ သုံးပတ်လောက်က သွားခဲ့တဲ့ခရီးတိုလေးရဲ့ အမှတ်တရဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့လိုက် သန်လျင်-ကျောက်တန်းအကျော်က ပင်လယ်ဝနေရာတွေဖြစ်တဲ့ သံတဲမီးပြတိုက်ကြီး၊ သံတဲကမ်းခြေနဲ့ ဇွဲဘာကမ်းခြေတွေဆီ နင်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာလေးတွေကိုရောက်တာ ကျနော့်အတွက် လေးကြိမ်မြောက်ဆိုပေမဲ့ ဒီတခေါက်က ခါတိုင်းအခေါက်တွေနဲ့မတူ တမူထူးခြားတဲ့မြင်ကွင်းတွေနဲ့ အရင်က မရိုက်ပြဖြစ်ခဲ့တဲ့နေရာလေးတွေကို ရအောင်သွားပြီး ရိုက်ပြပေးထားပါတယ်ခင်ဗျာ။ ကျနော်တို့ ဘယ်လိုတွေသွားခဲ့ကြပြီး၊ အဲ့နေရာလေးက ခါတိုင်းနဲ့မတူပဲ ဘာတွေထူးခြားနေလဲဆိုတာကိုတော့ ဗီဒီယိုလေးထဲမှာ အသေးစိတ်လေး ပြောပြပေးထားပါတယ်ခင်ဗျာ။ အားလုံးပဲ ကျန်းမာစွာဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များကင်းဝေးပြီး လိုရာခရီးကို ရောက်ရှိနိုင်ကြပါစေခင်ဗျာ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: