Samsung ကနေ သုံးခေါက်ခေါက်လို့ရတဲ့ ဖုန်းအသစ် ထွက်လာတော့မယ်
Автор: MNO NEWS
Загружено: 2025-12-06
Просмотров: 165
7 December 2025
Samsung Electronics (005930.KS) က ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် ခေါက်ဖုန်းဈေးကွက်မှာ ခြေကုပ်ခိုင်မာစေဖို့ ပထမဆုံး သုံးထပ်ခေါက်ဖုန်း ဖြစ်တဲ့ Galaxy Z TriFold ကို မိတ်ဆက်လိုက်ပါတယ်။
ဈေးနှုန်းအနေနဲ့ကတော့ ၃.၅၉ သန်းဝမ် ($2,440.17) လောက်ရှိပါတယ်။
ဖွင့်လိုက်ရင် 253.1 မီလီမီတာ (10 လက်မ) ရှိပြီး လက်ရှိ Galaxy Z Fold 7 ထက် ၂၅% နီးပါး ပိုကြီးပါတယ်။
ဒီဖုန်းကို အများသုံးဖို့ထက် သီးခြားလိုချင်သူများ အတွက် ရည်ရွယ်တယ်လို့ Samsung အမှုဆောင် ဒုတိယဥက္ကဋ္ဌ Alex Lim က ပြောပါတယ်။
ခေါက်ဖုန်းဈေးကွက် တိုးတက်ဖို့အတွက် တွန်းအားဖြစ်စေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်မှာ ကိုရီးယားမှာ စတင်ရောင်းချမှာဖြစ်ပြီး၊ ဒီနှစ်ထဲမှာပဲ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ယူအေအီးတို့မှာ ဆက်လက်ဖြန့်ချီပါမယ်။
အမေရိကန်မှာတော့ လာမယ့်နှစ် ပထမသုံးလပတ်မှာ စတင်နိုင်ပါတယ်။
Samsung ရဲ့ အကြီးဆုံး ဘက်ထရီပါဝင်ပြီး မိနစ် ၃၀ အတွင်း ၅၀% အားသွင်းနိုင်တဲ့ စူပါအမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးပါတယ်။
တရုတ်နိုင်ငံမှ Huawei ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက သုံးထပ်ခေါက်ဖုန်းကို မိတ်ဆက်ထားပြီး Apple (AAPL.O) ကလည်း လာမယ့်နှစ်မှာ ပထမဆုံး ခေါက်ဖုန်းကို ထုတ်ဖို့ မျှော်လင့်ရပါတယ်။
လေ့လာသူတွေကတော့ TriFold ဟာ လက်ရှိမှာ နည်းပညာပြသမှု သဘောမျိုးဖြစ်ပြီး အမြောက်အများ ရောင်းရဖို့ မလွယ်သေးဘူးလို့ သုံးသပ်ပါတယ်။
ဈေးနှုန်းမြင့်မားမှုနဲ့ ထုတ်လုပ်မှု စိန်ခေါ်မှုတွေကြောင့် ခေါက်ဖုန်းတွေဟာ လောလောဆယ်မှာတော့ ဈေးကွက်ရဲ့ အစိတ်အပိုင်းငယ်လေး အဖြစ်ပဲ ရှိနေဦးမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာတောင် စမတ်ဖုန်းဈေးကွက်ရဲ့ ၃% အောက်မှာပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Source - Reuters
#samsung #foldablephone #samsung_galaxy_z_fold #trifold #phone
MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။
Website- www.mnonews.com
Facebook- / 1amgqiqdtk
Youtube- / @mno-news
Telegram- https://t.me/MNONews8
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: