မိန်းမပျိုရဲ့ မဖွယ်မရာ ထဘီလှန်ပြမှုနဲ့ စစ်ရှုံးပြီး နတ်ဖြစ်သွားတဲ့ မြင်းဖြူရှင်
Автор: MT TV Channel
Загружено: 2025-09-13
Просмотров: 54621
တိုက်ပွဲအကြား မိန်းမပျိုတယောက်ရဲ့ မဖွယ်မရာ လှောင်ပြောင်ခြင်းကို ခံရတဲ့ အစွမ်းထက်ပီး ထူးဆန်းတဲ့ မြင်းဖြူရှင်
ရန်သူလက်ထဲ မသေလိုတဲ့ စိတ်ဓာတ်နဲ့ ချင်းတွင်းမြစ်ထဲ ခုန်ချပီး အဆုံးစီရင်သွားတဲ့ ထူးခြားတဲ့ သူရဲကောင်း
မြန်မာတို့ရဲ့ နတ်ကိုးကွယ်ယုံကြည်မှုတွေက နိုင်ငံအနှံ့မှာရှိကြပေမယ့် နတ်သမိုင်းတွေ အထဲမှာ အညာနတ်လို့ ခေါ်ကြတဲ့ မြင်းဖြူကြီးကို စီးတဲ့ ထူးဆန်းတဲ့ နတ်တစ်ပါးလဲ ရှိနေပါတယ်။ အဲဒီနတ်ကတော့ အညာနတ်ခေါ် မြင်းဖြူရှင်နတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နတ်သမိုင်းမှာ မြင်းဖြူရှင်နတ် လေးပါးတောင်ရှိတဲ့ အထဲကမှ ထူးဆန်းလွန်းတဲ့ မြင်းဖြူရှင်နတ် အကြောင်းကို အရင်ဦးဆုံး ရွေးချယ်ပေးချင်ပါတယ်။ ဒီနေရာမှာ တစ်ခုလောက်ကြိုတင်အသိပေးချင်တာက ဒီလိုနတ်သမိုင်းဆိုတာတွေ ပေထက်အက္ခရာ ကျောက်ထက် အက္ခရာပေါ်မှာ အတိအကျနဲ့ ဖော်ပြထားခြင်းမဟုတ်တဲ့ ပါးစပ်ပြောရာဇဝင်အနေနဲ့ လက်ဆင့်ကမ်းပြောပြလာကြတဲ့ ဒဏ္ဍာရီတွေ ဖြစ်တဲ့အတွက် မူကွဲတွေ အများကြီးရှိလာနိုင်တာကိုတော့ သိထား စေချင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပီး ကျွန်တော့်ရဲ့ ညီအကိုများတောင်းဆိုထားတဲ့ အညာဒေသမှာ အများဆုံး ကိုးကွယ်ယုံကြည်ကြတဲ့ မိန်းမတယောက်ကြောင့် ချင်းတွင်းမြစ်ရေထဲ အသေဆိုးနဲ့ သေခဲ့ရတဲ့ အရမ်းကို အစွမ်းထက်တဲ့ မြင်းစစ်သည် ဒါမှမဟုတ် မြင်းဖြူရှင်နတ် ဖြစ်ပေါ်လာခြင်းရဲ့ နောက်ခံသမိုင်းကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် စိတ်ဝင်စားဖွယ် ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: