Jennie - Twin mmsub
Автор: Aron Newt -Lin Khit Lu
Загружено: 2025-07-03
Просмотров: 405
Jennie - Twin mmsub
#jennie #twins #blackpink #ruby
Jennie - Twin mmsub
ဒီသီချင်းလေးကတော့ အကြောင်းအမျိုးမျိုးကြောင့်
အရင်းကိုချစ်ကြရတဲ့လူနှစ်ယောက်ပြဿနာတွေတက်ကြပြီး ကွေကွင်းသွားကြတဲ့အခါမှာ တစ်ဖက်ကသူငယ်ချင်းကို ကိုယ့်ဖက်ကပဲပြန်တောင်းပန်တဲ့ပုံစံလေးပါ၊ Admin ဘဝမှာလည်း အဲ့လိုလူတစ်ယောက်မက ရှိခဲ့ဖူးပါတယ်။
သွေးအေးအေးနဲ့ဖြေရှင်းရမယ့်ဟာကို ဒေါသက်ိုရှေ့တန်းတင်လိုက်တော့ သူ့အမှားကနေ ကိုယ့်အမှားဖြစ်သွားတာမျိုးပေါ့၊ နောက်ပြီး အရွယ်တစ်ခုရောက်ရင် ပိုပြီးပညာသားပါပါဖြေရှင်းနိုင်မယ့်ကိစ္စတစ်ခုကို ငယ်စဉ်အခါတုန်းက လိုတာထက်ပိုတုံ့ပြန်မိလို့ မဖြစ်သင့်တာတွေဖြစ်ပြီး ဆက်ဆံရေးတွေအပြီးတိုင်ပြတ်တောက်သွားရတာမျိုးတွေပေါ့။ ရှင်ကွဲသော်လည်းကောင်း သေကွဲသော်လည်းကောင်း။ ဖြစ်ဖူးကြမယ်ထင်ပါတယ်။
ဒီသီချင်းလေးကို နားထောင်တော့ပြေးမြင်စေမိတဲ့သူ တစ်ဦးတော့ရှိကြမယ်ထင်ပါတယ်။ Admin က Good Side ဆိုတဲ့ Troye Sivan ရဲ့သီချင်းလေးကိုလည်း တစ်ပါတည်းပြေးမြင်မိတယ်။
Jennie ကတော့ ဒီသီချင်းလေးဟာ Jennie ရဲ့ high school ကတည်းက သူငယ်ချင်း Chahee ကိုရည်ရွယ်တယ်လို့ fan တွေက ယူဆကြပါတယ်၊ နောက်ဆုံး outro မှာ Twin အစား Swin ဆိုပြီး ဆိုသွားလို့ပါ၊ Swin ဆိုတာ Korean Language မှာ 수영 (Swim) ဖြစ်ပြီး Chahee ရဲ့ birth name မလို့ပါတဲ့။
March 15,2025 concert မှာတော့ Chahee လည်း Seoul မှာ Jennie ပွဲကိုတက်ရောက်ခဲ့ပြီး ဒီသီချင်းဖျော်ဖြေနေတာလေးကို story မှာပြန် share ခဲ့တာမလို့ ဒီသီချင်းလေးရေးအပြီးမှာ သူတို့ပြန်သင့်မြတ်သွားခဲ့ကြတယ်လို့ ယူဆကြပါတယ်။
ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ်❤️✨
#jennie #BLACKPINK #ruby #twins
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: