၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ရွက်နုသစ်ဝေ" ကိုယ်ပိုင်ကျောင်း လေ့လာရေးခရီးစဉ်
Автор: Ywat Nu Thit Wai Private School
Загружено: 2025-11-29
Просмотров: 323
🚌 8.11.2025 (စနေနေ့) မှာ "ရွက်နုသစ်ဝေ" က သားသားမီးမီးလေးတွေက အမျိုးသားပြတိုက် နဲ့ကန်တော်ကြီးဆီကို လေ့လာရေးခရီးစဉ်အဖြစ်သွားရောက်ခဲ့ကြပါတယ်...
🚗 လေ့လာရေးခရီးမထွက်ခင် တစ်ပတ်ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ခရီးစဉ်အတွင်းမှာ စည်းကမ်းတကျ နေထိုင် ပြုမူ ပြောဆိုတတ်ဖို့ သင်ကြားပေးခဲ့တာကြောင့် Public Area မှာ စည်းကမ်းရှိရှိ သွားလာနေထိုင်တတ်ပြီး အချင်းချင်း ဖေးမကူညီခဲ့ကြတာ အမျိုးသားပြတိုက်က တာဝန်ရှိသူတွေကတောင် ချီးကျူးထောမနာပြုကြရတဲ့အထိပါပဲ...
🚙ဆရာ၊ ဆရာမတွေရဲ့ လမ်းညွှန်မှုအောက်မှာ စည်းကမ်းလိုက်နာပြီး အပြန်အလှန် ဖေးမကူညီခဲ့ကြတဲ့အတွက် ခရီးစဉ် အစအဆုံး အခက်အခဲတစ်စုံတစ်ရာ မရှိဘဲ ပျော်ရွှင်ခဲ့ကြရပါတယ်...
🚌 မူလတန်းအရွယ်ကလေးတွေဆိုပေမဲ့ အကြီးနဲ့အငယ်၊ ရွယ်တူချင်း အပြန်အလှန်လေးစားမှုရှိပြီး နေ့လယ်စာစားချိန်နဲ့ snack time တွေမှာ အချင်းချင်းဝေမျှ စားသောက်ပြီး ပျော်ရွှင်နေကြတာ ကြည်နူးစရာပါ...
🚐 စာပေနဲ့အသိပညာတွေကို သင်ကြားပေးနေရုံနဲ့ ဘဝမှာ ရှင်သန်နေထိုင်ဖို့ မလုံလောက်ပါဘူး... လူသားဆန်စွာ ကြီးပြင်းဖို့နဲ့ လိုက်နာရမယ့် လူ့ ကျင့်ဝတ်တွေကို နားလည်ကျင့်သုံးနိုင်မှသာ အနာဂတ် အတွက် ကောင်းမွန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်လာမှာပါ...
🍀🍀စွမ်းရည်ထက်မြက်ပြီး ပညာပြည့်ဝ၊ နှလုံးလှသူလေးတွေ ဖြစ်စေဖို့ မိဘတွေနဲ့ အတူ "ရွက်နုသစ်ဝေ" က ကူညီဖြည့်ဆည်းပေးပါရစေ...🍀🍀
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
❗️❗️မိဘတွေကိုယ်တိုင် လာရောက်စုံစမ်းဖို့အတွက် School Visit Hour ကို နေ့စဉ် နံနက် (၈း၃၀) နာရီကနေ ညနေ (၃း၃၀) နာရီအထိ သတ်မှတ်ထားပါတယ်...❗️❗️
📮 အမှတ် (၁၈) ၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 965 197 045
#ywatnuthitwai #privateschool #education #kg #grade5 #EnrollNow #schooltrip #zoo #fieldtrip #activities #NorthDagon #yangonMyanmar
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: