"ဝင်္ကန္တ " (အစအဆုံး) စာရေးသူ - ရွှေဥဒေါင်း
Автор: Listener's Heaven Audiobooks
Загружено: 2025-06-15
Просмотров: 15334
"ဝင်္ကန္တ " (အစအဆုံး)
စာရေးသူ - ရွှေဥဒေါင်း
စာဖတ်သူ - နန်းသိင်္ဂီ
ကြာချိန် - ၁ : ၅၁ : ၄၀ နာရီ
စာမြည်း
“မှန်ပါတယ် ဒကာကြီး။ မြတ်စွာဘုရားကတော့ မိမိစိတ်သာလျှင် ပဓာနအကြောင်းရင်း ဖြစ်ကြောင်းကို ဟောတော် မူပါတယ်။ သို့သော် ဘုန်းကြီးမှာတော့ မာတုကာမဆိုလျှင် အထူးပဲ စိတ်နာစက်ဆုပ် လောက်အောင် မယုံကြည်နိုင်သော အကြောင်းများ ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံခဲ့ရလေတော့ ဝေးဝေးကြီးက ရှောင်ရှားမယ်လို့ နဂို သန္နိဋ္ဌာန်ချခဲ့တဲ့အတိုင်း မိမိ သန္နိဋ္ဌာန် မြောက်အောင်သာ ဝေးဝေးက ရှောင်ရှားရခြင်းဖြစ်ပါတယ် ဒကာကြီး” ဟု မိန့်တော်မူလေလျှင် ကျွန်တော်မှာ ကိုယ်တော် မြတ်၏ အကြောင်းခြင်းရာကို သိလိုလှသည်ဖြစ်၍ ရင်းနှီးသော ဒကာတစ်ယောက် ဖြစ်နေသည့်အတိုင်း ထို ထက် အနည်းငယ် ဖွင့်ဟ၍ မိန့်တော်မူရန် လျှောက်ထား တောင်းပန်တော်မူလေရာ၊ ဘုန်းတော်ကြီးလည်း အတန်ငယ် ဦးခေါင်းကို ပွတ်သပ်ကာ စဉ်းစားဆင်ခြင်ပြီးနောက်- “ဘယ်သူ့ကိုမှ မပြောလဲ မပြောဖူးပါဘူး။ ပြောဖို့ လဲကျေးဇူးရှိမယ် မဟုတ်ပါဘူး။ သို့သော် စကားစပ်မိလို့ရှိမှ ဒကာကြီး သိလိုတဲ့ဆန္ဒအတိုင်း ပြောပြရဦးမှာပေါ့ ဒကာကြီး”ဟု မိန့်တော်မူ၍ မိမိ၏ အတ္ထုပ္ပတ္တိ အခြင်းအရာတို့ကို ပြန်ပြောင်း ပြောဆို တော်မူရာ -
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: