ပယောဂအယူသီးမှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစု - Incantation - Scary Sunday
Автор: Story Bears
Загружено: 2024-05-05
Просмотров: 73177
Story Bears ၏ အခြားလူမှုကွန်ယက်စာမျက်နှာများ
/ storybearsmm
/ storybearsmm
/ storybearsmm
https://t.me/StoryBearsMM
နာမည်ကျော် သရဲတစ္ဆေနာနာဘာဝဇာတ်ကားဖြစ်တဲ့ Incantation ဆိုတဲ့ ရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အမှီပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ၂၀၂၂ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ ထိုင်ဝမ် ရုပ်ရှင်ကားဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာလည်း လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ထွက်ရှိခဲ့စဉ် ကာလမှ ထိုင်ဝမ်ပြည်တွင်းမှာ ဝင်ငွေစံချိန်ချိုးခဲ့ရုံတင်မက Netflix ပေါ် ရောက်လာတဲ့အခါမှာလည်း လူကြိုက်များ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်အကြောင်းအရာ အသေးစိတ်မှာ မိမိကိုယ်မိမိ နာကျင်အောင် လုပ်တဲ့အပြုအမူတွေ၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ အဆုံးစီရင်မှု စတဲ့အချက်အလက်တွေ ပါတာကြောင့်မို့လို့ ကြည့်ရှုဖို့ရာ အဆင်ပြေမှသာ ဆက်လက်ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။
ဒီဖြစ်ရပ်က ၂၀၀၅ ခုနှစ်တုန်းက ထိုင်ဝမ်နိုင်ငံတောင်ပိုင်းဒေသက Kaohsiung မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Kahosiung မြို့က ထိုင်ဝမ်ရဲ့ တတိယအကြီးဆုံး မြို့တစ်ခုဖြစ်ပြီးတော့ လူဦးရေအနေအထားအားဖြင့်လည်း နှစ်သန်းကျော်ရှိတာ ဖြစ်ပါတယ်။ တောင်ပိုင်းကမ်းခြေဒေသမှာ ရှိတဲ့ ဒီမြို့ဟာ စီးပွားရေးအရလည်း အချက်အချာ ကျတဲ့ မြို့တစ်ခုဖြစ်သလို ရှုခင်းတွေ လည်ပတ်စရာတွေကလည်း အစုံရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့ဟာ ၂၀၀၅ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်လည်း နာမည်ကြီးပါတယ်။
Wu မိသားစုမှာ မိသားစုဝင် ခြောက်ယောက်ရှိပါတယ်။ သူတို့တတွေက Kaohsiung မြို့က ဆင်ခြေဖုံးရပ်ကွက် တစ်ခုထဲက သုံးထပ်တိုက်မှာ နေကြတာဖြစ်ပါတယ်။ သူတို့ မိသားစု ၆ ယောက်က အပေါ်ဆုံးထပ်မှာနေပြီးတော့ အလယ်ထပ်မှာက Mr. Wu ရဲ့ ညီမိသားစုတွေနေကြပြီး အောက်ဆုံး မြေညီထပ်မှာက Wu မိသားစုရဲ့ အဘိုးအဘွား နေကြတယ်လို့ ဆိုပါတယ်။ သုံးထပ်တိုက်မှာနေတဲ့အတွက်ကြောင့် ချမ်းသာတယ်လို့တော့ ပြောလို့မရပါဘူး။ သူတို့တွေက သာမန်လူတန်းစား အလုပ်ကြမ်းလုပ်ကြတဲ့ မိသားစုလို့ ဆိုပါတယ်။ တစ်ခုမှတ်သားထားရမှာက Wu မိသားစုဝင်တွေအကုန်လုံးက ဘာသာတရားကို တအားကိုမှ ကိုင်းရှိုင်းကြသလို အယူသီးတာကလည်း တော်တော်ဆိုးတယ်လို့ဆိုပါတယ်။ အိမ်မှာ ပြဿနာ တစုံတရာ တက်တယ် ဘာညာဆိုရင် နတ်မင်းကြီးတွေ၊ ဘုံကျောင်းတွေမှာ သွားရောက် ဝတ်ပြုဆုတောင်းသလို ဘုံကျောင်းက ဘုန်းကြီးတွေရဲ့ စကားကိုလည်း မြေဝယ်မကျ နားထောင်တတ်ကြတဲ့ မိသားစုလို့ ဆိုပါတယ်။ ဘုံကျောင်းတွေ ဘာတွေကို အမြဲလိုလို သွားရောက် ဝတ်ပြုတတ်ကြသလိုပဲ အိမ်မှာလည်း နတ်ကွန်းနဲ့ ဘာနဲ့ သေသေချာချာ ကိုးကွယ်ဆည်းကပ်ကြတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုတတွေ အဓိက ကိုးကွယ်ဆည်းကပ်ကြတဲ့ နတ်က ကျွန်တော်တို့တွေလည်း သိကြတဲ့ နီကျားနတ်မင်းပေါ့။ နီကျားနတ်မင်းက မကောင်းဆိုးဝါး မိစ္ဆာတွေကို နှိမ်နင်းပေးနိုင်သလို ကလေးသူငယ်တွေကိုလည်း အကာအကွယ်ပေးတဲ့ နတ်မင်းတစ်ပါးပေါ့လေ။ နီကျားကို အိမ်မှာ နတ်စင်နဲ့ သေသေချာချာထားပြီးကို ကိုးကွယ်တာလို့ ဆိုပါတယ်။
Mr. Wu နဲ့ သူ့မိန်းမက အဲ့ဒီအချိန်တုန်းက အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သမီးအကြီးဆုံးက အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ သူက တိုင်ပေမြို့မှာ သူ့ရည်းစားနဲ့အတူတူ Convenience Store ဆိုင်တစ်ခုမှာ အလုပ်အတူတူလုပ်ကြတယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ အတူတူမနေဘူးဆိုတော့ အိမ်မှာ နေတာ ၅ ယောက်ပေါ့လေ။ ဒုတိယ သမီးတစ်ယောက်က အသက် ၂၂ အရွယ်ရှိပြီဖြစ်ပြီးတော့ Kaohsuing မြို့ထဲက ဆေးရုံတစ်ခုမှာ သူနာပြုလုပ်နေတယ်။ နောက် တတိယသမီးကလည်း အသက် ၂၂ နှစ်အရွယ်ပဲ ဖြစ်ပြီးတော့ သူကတော့ တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတာဖြစ်ပြီး မကြာခဏအိမ်ကို ပြန်လာလေ့ရှိတယ်လို့ ဆိုပါတယ်။ အငယ်ဆုံးသားကတော့ အသက် ၂၀ အရွယ်ရှိပြီ ဖြစ်ပြီးတော့ သူက Kaohsiung မြို့ထဲက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတယ်။
၂၀၀၅ ခုနှစ် ဧပြီလ ၁၁ ရက်၊ တနင်္လာနေ့ မွန်းလွဲပိုင်းလောက်မှာ Mr. Wu တစ်ယောက် သူ့အိမ်နီးနားချင်းရဲ့ အိမ်တံခါးကို တဒုန်းဒုန်းနဲ့ ဆက်တိုက် ထုပြီး အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေးပါဆိုပြီး အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူနာတင်ယာဉ်က ဘယ်သူ့အတွက်လည်း ဘာကြောင့်ခေါ်ဖို့ လိုအပ်တာလည်း စတဲ့ အချက်အလက်တွေကိုကျ မပြောဘဲနဲ့ ထွက်သွားခဲ့တယ်တဲ့။ အဲ့ဒီမှာ သူ့အိမ်နီးနားချင်းကလည်း ကြောင်စီစီ ဖြစ်ပြီးကျန်ခဲ့တာပေါ့။ မေးစရာရှိတာ ဆက်မေးဖို့ ကြည့်တော့လည်း Mr. Wu က မရှိတော့ဘူး ခြေသုတ်တင် ပြေးပြီ။ သူ့အိမ်ဘက်ကို လှမ်းကြည့်တော့ တံခါးကြီးက ပွင့်လို့။ ဒါပေမယ့် ဘယ်သူမှမရှိဘူး။ တိတ်ဆိတ်နေတာ။
အဲ့ဒါနဲ့ အိမ်နီးနားချင်းဖြစ်သူက Mr. Wu တို့အိမ်ကလူ တစ်ယောက်ယောက် တစ်ခုခု ဖြစ်လို့များလားဆိုပြီးတော့ အိမ်ထဲကို ဝင်ကြည့်မယ်ဆိုပြီး ဆုံးဖြစ်ခဲ့တယ်တဲ့။ ဒါပေမယ့် အိမ်ထဲကို ဝင်လိုက်တဲ့အခါမှာ ဆိုးဝါးလှတဲ့ အော်ဂလီဆန်စရာ အနံ့ဆိုးတွေ တထောင်းထောင်းထနေသလိုပဲ ယင်ကောင်တွေကလည်း တလောင်းလောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ မီးတွေ ဖွင့်မထားတဲ့အတွက် ခပ်မှောင်မှောင်ဖြစ်ပြီး တိတ်ဆိတ်နေတဲ့အတွက်ကြောင့် တော်တော်ကိုမှလည်း စိတ်လက်မအီမသာဖြစ်ချင်စရာ အနေအထားပါပဲတဲ့။ အဲ့ဒီအိမ်နီးနားချင်းက ဒီအော်ဂလီဆန်ချင်စရာ အနံ့တွေ စိတ်လက်မအီမသာဖြစ်နေတာကို ခဏဘေးဖယ်ထားပြီး Wu မိသားစုနေထိုင်ရာ တတိယထပ်ကို ဆက်ပြီး တက်သွားခဲ့တယ်လို့ဆိုပါတယ်။
#storybears #storybearsmm #truecrime #supernatural #incantation
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: