🍀ဆုလာဘ်ပိုင်မိသားစု🍀မှ 👴👵ပင်စင်စားဘိုးဘွား (၂၀၀၀) ကျော်အတွက် လစဉ် (၃၈)ကြိမ်မြောက်" အလှူ
Автор: ဆုလာဘ်ပိုင် ကုမ္ပဏီ
Загружено: 2025-08-22
Просмотров: 1186
🍀ဆုလာဘ်ပိုင်မိသားစု🍀မှ 👴👵ပင်စင်စားဘိုးဘွား (၂၀၀၀) ကျော်အတွက် (၃၈)ကြိမ်မြောက်"လစဉ် အဓိဌာန်မပျက်ကုသိုလ်ဆက်
🍁🍀ဆုလာဘ်ပိုင်မိသားစု🍀မှ ယနေ့
နေပြည်တော်၊ပျဉ်းမနားမြို့၊မြန်မာ့စီးပွားရေးဘဏ်မှ
ပင်စင်လစာ လာရောက်ထုတ်ယူကြသည့်
သက်ကြီးရွယ်အို ပင်စင်စား ဘိုးဘွားများ
(၂၀၀၀) ကျော်တို့ အတွက်
🍲 ကြာဇံဟင်းစတုဒီသာနှင့်
💦သောက်ရေသန့်အလှူအပြင်
အဘိုးအဘွားများ ကိုယ်၊ စိတ်နှစ်ဖြာ ကြည်လင် ချမ်းမြေ့စေရန်
🍀ဆုလာဘ်ပိုင်🍀မှ Classic Yangon
အဖွဲ့သားများနှင့်လည်း လစဉ်မပျက်
💇 (၁၅) ကြိမ်မြောက် အခမဲ့ ရူပါဒါန ဆံသအလှူ
🙏မိဘသဖွယ် သဘောထား၍
ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း ကုသိုလ်အလှူတို့ကို
⏰ ယနေ့ (၂၁.၈.၂၀၂၅)ရက်၊
ကြာသာပတေးနေ့ နံနက် (၇)နာရီခွဲမှ စတင်၍
လှူဒါန်းပေးခဲ့ပါတယ်..
🌿ထို့အပြင် ယနေ့တွင်🍀ဆုလာဘ်ပိုင် မိသားစု
နှင့် အတူ Pay Me ကုမ္ပဏီ မိသားစုမှလည်း
🍝🍝ခေါက်ဆွဲခြောက်ထုပ်များကိုလည်း
ပင်စင်စား ဘိုးဘွားများအတွက်
မေတ္တာအပြည့်ဖြင့်လှူဒါန်းပေးခဲ့ကြပါတယ်..
🌿ဘဝခရီးလမ်း ပင်ပန်းစွာ ဖြတ်သန်း၍
အိုမင်းလာကြသော အဘိုးအဘွားများ
ယနေ့မှာ အဟာရပြည့်ဝစေရေးနှင့်
နုပျိုလန်းဆန်း စိတ်ချမ်းမြေ့စေရေး
🍀ဆုလာဘ်ပိုင်🍀ရဲ့
လစဉ် ဒါနကုသိုလ်လေးကို
မြင်တွေ့သူတိုင်း ကုသိုလ်ပွား၍
ကြည်နူးချမ်းမြေ့ကြပါစေ 💦
🙏🙏🙏🙏🙏
မေတ္တာဖြင့်
အောင်ဘိုဘို (ဆုလာဘ်ပိုင်)
၂၁.၈.၂၀၂၅
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: