"စိတ်အမာရွတ်"(ရှုမဝမဂ္ဂဇင်း ၁၉၆၂ခုနှစ် မတ်လထုတ်) စာရေးသူ - ရောင်နီ
Автор: Listener's Heaven Audiobooks
Загружено: 2025-12-21
Просмотров: 1973
"စိတ်အမာရွတ်"
(ရှုမဝမဂ္ဂဇင်း ၁၉၆၂ခုနှစ် မတ်လထုတ်)
စာရေးသူ - ရောင်နီ
စာဖတ်သူ - ယံဇငြိဏ်း
ကြာချိန် - ၃၆ : ၁၅ မိနစ်
စာမြည်း
လူ့ ခေတ်တွေ ပြောင်းသော်လည်း နှိုင်းမြစ်ကတော့ စီးစမြဲပင်ဟု ဆိုခဲ့သည့်စကားနှယ် ကျနော်တို့ခေတ်များ မည်သို့ပင် ပြောင်းသွားခဲ့ငြားလည်း ပန်းလှိုင်မြစ်မှာ စီးနေမြဲသာပင်တည်း။ ရေများတော့ အသစ်အသစ် ပြောင်းလဲကောင်း ပြောင်း လဲမည်။ ပန်းလှိုင်မြစ်ကတော့ ကျောက်ထက် အက္ခရာလို အပြောင်းအလဲ အပျက်အစီးမရှိ ရှေးတုန်းကလို ကျနော်အား ဆီးကြို နေလေသည်။ ကလေးဘဝမှ လူလားမြောက်ကာ လူပျိုကြီးဖားဖား ဖြစ်လာသော အချိန်ကမူ တောတောင် ရေမြေတို့ကို တမျိုးမြင်လာသည်။ ညောင်ပင်အိုကြီးအား ခါးကိုင်းလျက် အရိုးပြိုင်းပြိုင်း ထနေသော အဖိုးအိုဟု တင်စားသည်။ တိမ်တို့ကိုလည်း မြန်မာစာပေသမိုင်း သင်ပြီးပြီဖြစ်၍ တိမ်သက်တန့်ရောင်၊ အဝါဘောင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညှို့ခဲ့ တလီ-ဟူ၍ပင် ရှင်ဥတ္တမကျော်ဆံဆံ … သ ရုပ်ခွဲ တတ်လာသည်။ စုန်ချည်ဆန်ချည် ငါးပိ ပိန်းကော လှေများကို မင်းပဒေသရာဇာ အဖွဲ့အနွဲ့ဝယ် နစ်မွန်းကာ မိုးဦးကား၊ ချောင်းကျပြီဆိုလျှင်၊ ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင်-ဟု တေးတတ်လာသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ 👇Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/i...
#lhaudiobooks #audiobooks
#မြန်မာဝတ္ထု #ရှုမဝ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: