မော်လမြိုင်ကျွန်းမြို့ (ခေါ် ) မော်ကျွန်းမြို့လေးဆီသို့ အလည်တစ်ခေါက်
Автор: Chit Phyo
Загружено: 2025-05-20
Просмотров: 1276
မော်လမြိုင်ကျွန်းမြို့သည်အရှေ့ဘက်တွင် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သော ရာဇူဒိုင်မြစ်ကိုမျက်နှာမူကာ ရာဇူဒိုင်မြစ်နှင့်တုံးလှဲချောင်းမြို့တို့ ပေါင်းဆုံရာ ကျွန်းထိပ်တွင်တည်ဆောက်ထားသောမြို့ဖြစ်သည်။
မော်လမြိုင်ကျွန်းမြို့၏ တန်ခိုးကြီးဘုရားများကတော့ တာဝတိံသာမြတ်စွာဘုရားကြီး စေတီသမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီ လောကသကျမာရဇိန်ကြေးဆင်းတုဘုရားကြီး၊ နှစ်ကျိပ်ရှစ်ဆူဆုတောင်းပြည့်ဘုရားကြီးဖြစ်ကြပြီး တာဝတိံသာမြတ်စွာဘုရား ဝါကျွတ်ပွဲတော်သည်လွန်စွာစည်ကားသောအထင်ကရပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကျင်းပသောရက်မှာ နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အထိဖြစ်ပြီး ဘုရားပွဲတော်သို့ အမြို့မြို့အနယ်နယ်မှ ဇာတ်အဖွဲ့များ၊ဈေးသည်များ အပြင် ဘုရားဖူးဧည့်သည်များလာရောက်ကြသဖြင့် လွန်စွာစည်ကားသောပွဲတော်တစ်ခုပင်ဖြစ်သည်။
#myanmartravel #trip #asiantravel #travelbloggervibes
#Mawlamyinegyun #Mawgyun
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: